25 C
Yangon

အရပ်သားဘွဲ့ရများနှင့်ဝန်ထမ်းများ အလုပ်သင်ဗိုလ်သင်တန်း လျှောက်ထားကြရန် ဝန်ကြီးဌာနများသို့ စစ်ကောင်စီက ညွှန်ကြားသော်လည်း လျှောက်ထားသူမရှိ

Must read

ရန်ကုန်၊ ဧပြီ ၂၂

စစ်ကောင်စီက အရပ်သားဘွဲ့ရများနှင့် ဝန်ထမ်းများကို အလုပ်သင်ဗိုလ်သင် တန်းကျောင်း(ဗထူး) သင်တန်းအမှတ် ၁၂၆ တွင် လျှောက်ထားကြရန် ဝန်ကြီး ဌာနများထံသို့ စာပေးပို့ ညွှန်ကြားသော်လည်း လျှောက်ထားသူမရှိဖြစ်နေကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်းအ၀ိုင်းက ပြောသည်။

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၁၂၆ အတွက် အရပ်သား ဘွဲ့ရ ဗိုလ်လောင်းသင်တန်းသား သတ်မှတ်ချက်နှင့်ကိုက်ညီသူ လျောက်လွှာတင်ကြရန် ဝန်ကြီးဌာနများထံသို့ စစ်ကောင်စီက ညွှန်ကြားခဲ့သော်လည်း လျှောက်ထားသူမရှိဖြစ်နေကြောင်း သိရှိရသည်။

ဧပြီလ ၂၀ ရက်နေ့တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္က သိုလ် နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် တို့ထံသို့ ပေးပို့သော အလုပ်သင်ဗိုလ်သင်တန်း လျှောက်လွှာကို မည်သူကမှ လျှောက်ထားခြင်းမရှိဟု သိရှိရသည်။

ထို့ပြင် အခြားသော ဝန်ကြီးဌာနများသို့ ပေးပို့ထားသည့် အလုပ်သင်ဗိုလ်သင် တန်း လျှောက်လွှာများကို မည်သူကမှ လျှောက်ထားခြင်းမရှိကြောင်း သိရှိရသည်။

“ဝန်ထမ်းဖြစ်ရင်တောင် အရပ်သား ဘွဲ့ရ ဆိုရင် ဒီဗထူးဗိုလ်သင်တန်းလျှောက်ခွင့်ပေးမယ်။ လျှောက်ကြပါ ဆိုပြီး စာတွေ ညွှန်ကြားစာတွေ ပို့လာတယ်။ ခက်တာကလည်း ဘယ်သူကမှ စိတ်မဝင်စားဘူး။ အခု ရှိနေတဲ့ ဝန်ထမ်းအလုပ်တောင် ဝမ်းရေးနဲ့ နေရေးထိုင်ရေးအတွက် လုပ်နေရတာ။ စစ်တပ်ထဲတော့ ဘယ်သူမှ မဝင်ချင်ကြဘူး။ ဌာနက လူငယ်တွေကို ဗိုလ်သင်တန်းမလျှောက်လို့ဆိုပြီး DG က ခေါ်ဆူတာတွေရှိတယ်။ ဆူလည်း ဆူဆူပဲ။ ဘယ်သူကမှ မလျှောက်ကြဘူး။ အတင်းအကျပ် လျှောက်ခိုင်းရင် ဌာနကပါ ထွက်မယ် ဆိုတော့မှ ငြိမ်သွားတာ” ဟု နေပြည်တော်ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် အလုပ်သင်ဗိုလ်လောင်းသင်တန်းကျောင်းတွင်သာမက စစ်တက္က သိုလ် DSA အပါဝင် စစ်တပ်သင်တန်းကျောင်းသို့ လျှောက်ထားသူ မရှိသလောက် နည်းပါးနေကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article