25 C
Yangon

ပင်လည်ဘူးမြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် ပြည်သူပိုင်နေအိမ်များကို စစ်တပ်က စက်ယန္တရားများဖြင့် ဖြိုချဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၂၃

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် ပြည်သူများ နေထိုင်သည့် ရပ်ကွက်များမှ နေအိမ်အဆောက်အအုံများကို စက်ယန္တရားများဖြင့် ဖြိုချ ဖျက်ဆီးမှုများ ဆက်တိုက် လုပ်ဆောင် လျက်ရှိကြောင်း ပင်လည်ဘူးဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်တပ်သည် ပင်လည်ဘူးမြို့ပေါ်ရှိ ပြည်သူများနေထိုင်သည့် ရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခြင်းများ၊ တိုက်ပွဲများမရှိချိန်တွင် စက်ယန္တရာများဖြင့် ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများပါ လုပ်ဆောင်ခဲ့ပြီး ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပင်လည်ဘူး ပြည်သူများက ပြောဆိုသည်။

“ပင်လည်ဘူး မြို့ပေါ်မှာ ပျက်စီးခဲ့တဲ့ အရပ်သား ပြည်သူပိုင် အဆောက်အအုံတွေက စစ်တပ်လုပ်တာ လက် နက်ကြီးတွေ လေယာဉ်တွေနဲ့ လာပစ်တာ ပျက်စီးဆုံးရှုံးမှုကတော်တော်များတယ်။ မိုးကောင်းရပ်ကွက်‌ဆို အဆိုး ဆုံးပဲ။ နောက်ပြီး NLD ထောက်ခံသူနဲ့ ပုဒ်မ ၅၀၅ ထုတ်ခံထားရလို့ ရှောင်တိမ်းနေရတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို အဓိကထား ဖျက်ဆီးတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်တပ်၏ ဖျက်ဆီးမှုကြောင့် ပင်လည်ဘူးမြို့ပေါ်၊ မိုးကောင်းရပ်ကွက်ရှိ ပြည်သူပိုင်နေအိမ် အလုံး ၂၀ သည် ဆိုးဆိုးဝါးဝါး ပျက်စီးသွားကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ပင်လည်ဘူးမြို့ပေါ်တွင် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်နှင့် အကြမ်း ဖက် စစ်တပ်တို့အကြား စစ်ရေးတင်းမာမှုများ ဆက်လက် မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article