29 C
Yangon

ရေစကြိုမြို့ပေါ်သို့ သင်္ကြန်ရေကစားလာသည့် လူငယ် ၁ ဦးကို စစ်တပ်ကင်းပုန်းက ပစ်သတ်

Must read

ရန်ကုန်၊ ဧပြီ ၁၅

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်သို့ ရေကစားရန် လာရောက်သည့် လူငယ် ၁ ဦးကို အကြမ်း ဖက် စစ်တပ် ကင်းပုန်းက ပစ်သတ်ခဲ့ကြောင်း Yesagyo Township Info Committee အဖွဲ့ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) မွန်းလွဲ ၁၂ နာရီခန့်အချိန် ရေစကြိုမြို့နယ်၊ ရွာသစ်ကျေးရွာမှ အသက် ၁၈ နှစ် လူငယ် ၁ ဦးသည် ရေစကြိုမြို့ပေါ်သို့ သွားရောက် ရေကစားရန် ထွက်လာစဉ် အမှတ် ၇ ရပ်ကွက် ရွာသစ်တောရိုးနှင့် နှစ်ထောင်ပြည့် အနီးတွင် အကြမ်း ဖက် စစ်တပ်ကင်းပုန်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရေစကြိုမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က အထက်အမိန့်အရဟုဆိုကာ ပြည်သူများကို ရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ အတင်း အဓမ္မငွေကြေးတောင်းခံခြင်းများ လုပ်ဆောင်ကာ ၎င်းတို့ မသင်္ကာသူများကို ဖမ်းဆီးရိုက်နှက်ခြင်းများ လုပ်ဆောင်နေပြီး ပစ်ခတ်ခံရသော လူငယ်မှာ မည်သည့်အကြောင်းအရင်းမှ မရှိဘဲ ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစကြောင်း သိရှိရသည်။

ထို့ပြင် မြို့ပေါ်တွင် သင်္ကြန်ကာလ ရေကစားမဏ္ဍပ်များကျင်းပပြုလုပ်သော်လည်း စစ်တပ် ဒေါက်တိုင်များနှင့် ပျူစောထီးများသာ ပါဝင်ဆင်နွဲနေကြပြီး မဏ္ဍပ်များမှာ စည်ကားခြင်းမရှိဘဲ ခြောက်ကပ်လျက်ရှိကြောင်း၊ ထို ရေကစားမဏ္ဍပ်များ တိုက်ခိုက်ခံရမည်ကိုလည်း စိုးရိမ်သောကြောင့် အကြမ်းဖက် စစ်တပ်က အကြမ်းဖက်စစ်တပ်က မြို့အစွန်၊ မြို့အဝင်နေရာများတွင်လည်း ကင်းပုန်းဝပ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

“သေဆုံးသူ အမည်ကတော့ မသိရသေးဘူး။ ကျနော်တို့ သိရတာတော့ ရွာသစ်ကျေးရွာကနေ ရေစကြိုမြို့ပေါ်ကို ရေကစားဖို့ လာတဲ့ အချိန် စစ်ခွေး ကင်းပုန်းက တစ်ခါတည်း ပစ်သတ်တယ်ဆိုတာပဲသိရတယ်။ စစ်ခွေးတွေက သူတို့ မသင်္ကာတာနဲ့ ရိုက်နှက် ဖမ်းဆီးတာ ပစ်သတ်တာတွေက လုပ်ဆောင်နေတာ” ဟု ဒေသပြည်သူတတစ်ဦးက ပြောဆိုသည်။

ရေစကြိုမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား မကြာခဏ ဆိုသလို တိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး မြို့ပေါ်ကို စစ်တပ်က စိုးမိုးထားကာ ကျေးရွာအများစုကို တော်လှန်ရေးတပ်များက စိုးမိုးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article