26 C
Yangon

ပေါက်မြို့နယ် ကျောင်းကုန်းရွာကို ယမန်နေ့ ညပိုင်းက မီးရှို့ဖျက်ဆီးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ကျွန်းကြီးရွာကို ထပ်မံ မီးရှို့နေ

Must read

ရန်ကုန်၊ ဧပြီ ၂၃

မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်းရှိ ကျွန်းကြီးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ယနေ့ ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၁နာရီ ၃ဝမိနစ် ခန့်တွင် ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းကာ မီးရှို့ ဖျက်ဆီး နေကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော Pauk Alliance Group အဖွဲ့ထံမှ သိရသည်။

လက်ရှိချိန်တွင် ကျွန်းကြီးွရွာအတွင်း၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ တချို့ ရှိနေသေးပြီး ဒေသခံပြည်သူများသည် ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက် နိုင်ခြင်းမရှိသေးဘဲ ပျက်စီးဆုံးရှုံးမှု အခြေအနေကို အသေးစိတ် မသိရှိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ယမန့် ဧပြီလ ၂၂ ရက်နေ့ ညပိုင်းကလည်း ပေါက်မြို့နယ် ကျောင်းကုန်းရွာကို ဒုတိယအကြိမ် မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ်များနှင့် ကွမ်းခြံများ မီးလောင်ပြာကျခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ကားများဖြင့် တင်ဆောင်ကာ ခိုးယူ လုယက်နေကြောင်း သိရသည်။

Photo – ယမန်နေ့က အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ မီးရှို့ ဖျက်ဆီး ခဲ့သော ကျောင်းကုန်းရွာနှင့် ယနေ့ မီးရှို့ဖျက်ဆီးနေသော ကျွန်းကြီးရွာ (Pauk Alliance Group)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article