25 C
Yangon

ကရင်နီပြည်နယ်တွင် အတိုင်ပင်ခံကောင်စီ၊ နယ်မြေခံတော်လှန်ရေးအဖွဲ့များနှင့် ညှိနှိုင်းခြင်းမပြုဘဲ ဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးအဖွဲ့များကို လက်ခံမည်မဟုတ်ဟု ကရင်နီပြည်အစိုးရ ထုတ်ပြန်

Must read

ရန်ကုန်၊ ဧပြီ ၂၆

ကရင်နီပြည်နယ်တွင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ၊ နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းမပြုဘဲ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းတည်ဆောက်ခြင်းကို လက်ခံသွားမည်မဟုတ်ကြောင်း ကရင်နီပြည်အစိုးရ ဝန်ကြီး ခူးညေးရယ်က ဧပြီလ ၂၆ ရက် ယနေ့ တွင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်ချက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ဖေဖေါ်ဝါရီလ ၂၂ ရက်၊ ၂၀၂၁ ခုနှစ် ရက်စွဲပါ စာအား ရည်ညွှန်း၍ ဧပြီလ ၁၄ ရက်နေ့တွင် ဒီးမောဆိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကြားကာလ ရပ်ကွက်/ကျေးရွာအုပ်စု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းရန် ထုတ်ပြန်ကြောညာခြင်းနှင့် ဧပြီလ ၂၄ ရက်နေ့တွင် NUG ၏ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ CDM ဝန်ထမ်းများ အုပ်ချုပ်မှုကော်မတီအား ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းကို ထုတ်ပြန်ခဲ့ခြင်းများကို ဖော်ပြထားသည်။

အဆိုပါ လုပ်ဆောင်မှုများသည် အမျိုးသားညီညွတ်ရေးအစိုးရ အတိုင်ပင်ခံကောင်စီ NUCC က ရေးဆွဲပြီး ပြည်သူ့ညီလာခံတွင် အတည်ပြုထားသော ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ် အစိတ်အပိုင်း ၁၊ အခန်း ၈ ပါ ပုဒ်မ ၅၂၊ ၅၃ အရ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတွင် ဖော်ပြထားသည့် လုပ်ပိုင်ခွင့်များနှင့် ဆန့်ကျင်လျှက်ရှိနေကြောင်း ကရင်ပြည်အစိုးရက ထုတ်ပြန်သည်။

ယခုကိစ္စများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့များက အမြန်ဆုံး ပြန်လည်ရုတ်သိမ်းသွားရန် ကရင်နီပြည်အစိုးရက အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article