38 C
Yangon

အာဏာသိမ်းပြီးနောက် စစ်တပ်က ကလေးငယ် ၂၄၃ ဦးကို သတ်ဖြတ်

Must read

ရန်ကုန်၊ ဧပြီ ၃၀

မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက် စစ်တပ် အာဏာ သိမ်းပြီးနောက် မြန်မာနိုင်ငံ အနှံ့တွင် စစ်တပ်က ကလေးငယ် ၂၄၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း Media Monitor Collective က သတင်းထုတ်ပြန်သည်။

အကြမ်းဖက် စစ်တပ်သည် ပဋိပက္ခ တိုက်ပွဲများအတွင်း အရပ်သား ပြည်သူများ နေထိုင်သည် ရပ်၊ ရွာများကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် ၁၃၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ ၂၅၁ ဦးကို အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်းသိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် သတ်ဖြတ် ဖမ်းဆီးခဲ့သော ကလေးငယ်များ စာရင်းတွင် အခြေခံပညာ အဆင့် သင်ကြားနေသော ကျောင်း၊ကျောင်းသူများနှင့် တက္ကသိုလ် တက်ရောက်နေသော ကျောင်းသား ကျောင်းသူများလည်း ပါဝင်ကြောင်း သိရသည်။

ကလေးများကို သတ်ဖြတ်သည့်အပြင် ဖမ်းဆီးခံရသော ကလေးငယ်များထဲတွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူ ၁၀၄ ဦး၊ ဆန္ဒပြမှုနှင့် ဆက်စပ် ဖမ်းဆီးခံရသူ ၆၅ ဦး၊ ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးခံရသူ ၃၈ ဦး၊ EROS နှင့် ချိတ်ဆက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံရသူ ၃ဦး၊ မိသားစုနှင့် အတူရှောင် တိမ်းနေစဉ် ဖမ်းဆီးခံရသူ ၃ဦးနှင့် ကျေးရွာများကို စစ်တပ်က ဝင်ရောက် စီးနင်းသောကြောင့် ထွက်ပြေးတိမ်းရှောင်စဉ် ရွာပြင်ပ၌ ဖမ်းဆီးခံရသူ ၂ဦးတို့ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article