37 C
Yangon

မြောင်တွင် စစ်ကောင်စီတပ်နှင့် PDF ကြား တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၃၀

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ အင်အား ၁၀၀ ခန့်နှင့် မြောင်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား ယနေ့ ဧပြီလ ၃၀ ရက် နံနက်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

နံနက် ၉ နာရီနှင့် ၁၀ နာရီခွဲခန့်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကို pdf များက ရှော့တိုက်ဒုံးဖြင့် ၂ ကြိမ်ပစ်ခတ်ရာ ထိမှန်မှုရှိကြောင်းနှင့် အထိအခိုက်ကိုမူ မသိရသေးကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီး ၅ လုံး၊ စနိုက်ပါ၅ချက်နှင့် စက်လက် အချက်၂၀ ခန့် ပြန်လည်ပစ်ခတ်သော်လည်း PDF များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း မြောင် PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ထို့ပြင် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာတွင် ယနေ့ ဧပြီ ၃၀ ရက်နေ့ နေ့လယ် ၁၂ ခွဲ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီဝင်များကင်းပတ်လာစဉ် ဒေသပြည့်သူ့ကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားကာ အကြမ်းဖက် စစ်ကောင်စီဝင် တစ်ဦးသေကြောင်း ABSDF မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ဒေသပြည်သူ့ ကာကွယ်ရေး PDF အဖွဲ့နှင့် ABSDF မဟာမိတ်အဖွဲ့တို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အထိအခိုက်အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။

“ကျွန်တော်တို့ဘက်က ကင်းပတ်နေစဥ် သူတို့ဘက်ကလည်း လူလေးယောက်နဲ့ ကင်းပတ်အလာ တွေ့ပြီး ပစ်တာဗျ။ ဖြစ်ပြီးမကြာခင် Ambulance ကားနဲ့ လာတင်သွားတယ်” ဟု ABSDF မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အလားတူ ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင်လည်း မြဝတီမြို့၊ အောင်မြေရွှေဘုံရပ်ကွက် အနောက်ဘက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားကြောင်း သတင်းရရှိသည်။

“အောင်မြေရွှေဘုံ အနောက်ဘက်မှာ တိုက်ပွဲဖြစ်နေတာ ၂ နာရီ ၁၅ လောက်က၊ သေနတ်သံတွေကြားတယ်၊ လက်နက်ကြီးသံကတော့ နည်းနည်းကြာမှ တခါကြားတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

တိုက်ပွဲအသေးစိတ်နှင့် နှစ်ဖက်ထိခိုက်သေဆုံးမှုကို ကနဦး မသိရှိရသေးပေ။

ပုံစာ – မြောင်နယ် PDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article