27.5 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: April, 2022

လှိုင်မြို့နယ် ၁၆ ရပ်ကွက်မှ စစ်ကောင်စီခန့် ရာအိမ်မှူး လှရှု သေနတ်ဖြင့် ၁၂ ချက် ပစ်ခတ်ခံရပြီးသေဆုံး၊ တောင်ဒဂုံမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ရန်ကုန်၊ ဧပြီ ၁၁ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၁၆ ရပ်ကွက်မှ စစ်ကောင်စီခန့် ရာအိမ်မှူး လှရှုသည် ယနေ့ ညပိုင်းတွင် သေနတ်ဖြင့် ၁၂ ချက် အပစ်ခံရပြီး သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။ ဧပြီလ ၁၁ ရက်နေ့ ည ၇ နာရီ...

စစ်ကိုင်း ကလေးမြို့နယ်တွင် စစ်တပ် ယာဉ်တန်းနှင့် စစ်ကြောင်းများ ၂ရက်ဆက်တိုက် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခံရကာ စစ်သား ၃၅ ဦးသေဆုံး၊ တမူးတွင်လည်း စစ်ကောင်စီ စခန်းတစ်ခု စီးနင်း တိုက်ခိုက်ခံရ

ရန်ကုန်၊ ဧပြီ ၁၁ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ဧပြီလ ၁ဝရက်နေ့နှင့် ၁၁ရက်နေ့တို့တွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းနှင့် စစ်ကြောင်းများ အကြိမ်ကြိမ် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခံရကာ စစ်သား ၃၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း People Defence Force (Kalay) တပ်ဖွဲ့ထံမှ သိရသည်။ ကလေးမြို့နယ်...

ပေါက်မြို့နယ်၊ ပုလဲ၊ ကောလင်းနှင့် ဒီးမော့ဆိုမြို့နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၈ ဦးသေဆုံးပြီး စစ်သား ၁၅ ဦးအရှင်ဖမ်းမိ၊ PDF ၆ ဦး တိုင်းပြည်အတွက် အသက်ပေးလှူသွား

ရန်ကုန်၊ ဧပြီ ၁၁ ပေါက်မြို့နယ်၊ ပုလဲမြို့နယ်၊ ကောလင်းမြို့နယ်နှင့်ဒီးမော့ဆိုတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၈ ဦးသေဆုံးပြီး စစ်သား ၁၅ ဦးအရှင်ဖမ်းမိကာ PDF ၆ ဦး တိုင်းပြည်အတွက် အသက်ပေးလှူသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။ ပေါက်မြို့နယ် တိုက်ပွဲ စစ်သား ၂၅ ဦး...

ယင်းမာပင်တွင် အမျိုးသမီးများ ဦးဆောင်သည့် ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၁၁ ယင်းမာပင်မြို့နယ်တွင် အမျိုးသမီးများ ဦးသော သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း "သင်္ကြန်မှာယိမ်းမက တော်လှန်နွေမ" စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ်က ပြုလုပ်မည့် သင်္ကြန်ပွဲ ပြည်သူများ မပါဝင်ကြရန် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းမြို့နယ်အားလုံးတွင် လျှပ်စစ်မီးများ ပြတ်တောက်သွား၊ မြောက်ဒဂုံတွင် ပစ်ခတ်သံများကြားရ

ရန်ကုန်၊ ဧပြီ ၁၁ ရန်ကုန်တိုင်းမြို့နယ်အားလုံးတွင် ယခုည ၇ နာရီခွဲအချိန်မှစတင်၍ လျှပ်စစ်မီးများ ပြတ်တောက်သွားပြီး မြောက်ဒဂုံတွင် ဗုံးပေါက်ကွဲမှုများနှင့်ပစ်ခတ်သံများကြားရနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "မ၀တလမ်းဆုံမှာ ဗုံး ၄ လုံးလောက် ဆင့်ပေါက်တယ်။ အဲဒါ အခု စစ်ခွေးတွေ မူးရူးရမ်းကားပြီး ကားတွေ စစ်နေတယ်။...

ပေါက်မြို့နယ် ကျောက်အိုးကုန်းရွာကို စစ်တပ်က ဝင်ရောက် စီးနင်း ရွာလုံးကျွတ် နီးပါး မီးရှို့နေ

ရန်ကုန်၊ ဧပြီ ၁၁ မကွေးတိုင်း ပေါက်မြို့နယ် တောင်ပိုင်း ကျောက်အိုးကုန်းရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဧပြီလ ၁၁ ရက်နေ့ ညနေ ၅နာရီ ၄၅ မိနစ်တွင် ဝင်ရောက်စီးနင်းကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ အဆိုပါ အကြမ်ဖက်...

အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး မြိုင်သပိတ် ညသပိတ် ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၁၁ မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ် ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ ဧပြီလ ၁၁ရက်နေ့နှင့် ၁၀ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။Photo - BEGSC-MYAING

အရာတော် ရှောက်ခါးရွာတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ပြီး ကိုရွှေသင်း သေဆုံး ရုပ်အေလာင်းကို စစ်တပ်က မီးရှို့ဖျောက်ဖျက်၊ ပြည်သူပိုင် နေအိမ် ၇၃လုံးလည်း မီးလောင် ပြာကျ

ရန်ကုန်၊ ဧပြီ ၁၁ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ရှောက်ခါးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဧပြီလ ၈ရက်နေ့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ပြီး ကိုရွှေသင်းကို ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး စစ်တပ်က ရုပ်အလောင်းကို မီးရှို့ဖျောက်ဖျက်ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၇၃လုံးလည်း မီးလောင်...

ကလေးမြို့နယ် နတ်ချောင်းရွာကို အကြမ်းဖက်စစ်တပ်က တတိယအကြိမ် မီးတင်ရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၀၀ မှ ၁၅၀ ကြား လောင်ကျွမ်းပြာကျ

ရန်ကုန်၊ ဧပြီ ၁၁ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ နတ်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ယမန်နေ့ ဧပြီလ ၁၀ ရက် ညနေပိုင်းနှင့် ယနေ့ နံနက်တွင် မီးတင်ရှို့ဖျက်ဆီးမှကြောင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၁ ကျောင်းအပါအဝင် ပြည်သူနေအိမ် ၁၀၀ မှ ၁၅၀ လုံးခန့် မီးလောင်ပြာကျသွားကြောင်း သတင်းရရှိသည်။"ပထမတကြိမ်...

ယင်းမာပင် ဘန့်ဘွေးထန်းဇင်ကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၁၇လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၁၁ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးထန်းဇင်ကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၁၇ လုံးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၉နာရီ ၃ဝမိနစ်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူများကိုလည်း စစ်တပ်က အကြောင်းမဲ့ ရိုက်နှက်သွားကြောင်း...

Latest news

- Advertisement -spot_img