25 C
Yangon

ပေါက်မြို့နယ်၊ ပုလဲ၊ ကောလင်းနှင့် ဒီးမော့ဆိုမြို့နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၈ ဦးသေဆုံးပြီး စစ်သား ၁၅ ဦးအရှင်ဖမ်းမိ၊ PDF ၆ ဦး တိုင်းပြည်အတွက် အသက်ပေးလှူသွား

Must read

ရန်ကုန်၊ ဧပြီ ၁၁

ပေါက်မြို့နယ်၊ ပုလဲမြို့နယ်၊ ကောလင်းမြို့နယ်နှင့်ဒီးမော့ဆိုတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၈ ဦးသေဆုံးပြီး စစ်သား ၁၅ ဦးအရှင်ဖမ်းမိကာ PDF ၆ ဦး တိုင်းပြည်အတွက် အသက်ပေးလှူသွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

ပေါက်မြို့နယ် တိုက်ပွဲ စစ်သား ၂၅ ဦး ထက်မနည်းသေဆုံးပြီး အလောင်းမကောက်ဘဲထွက်ပြေး
===========================================

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျအိုးကျေးရွာအနီးမှာ ကျေးရွာတွေကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၂၅ ယောက်ထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယခုည ၇ နာရီ မိနစ် ၃၀ အထိ ရရှိထားတဲ့သတင်းအရ ထွက်ပြေးသည့် စစ်ကောင်စီတပ်များသည် ဆိပ်ဖြူမြို့နယ်ဘက်သို့ ဆုတ်ခွာနေရပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက ထပ်ချပ်မခွာလိုက်လံတိုက်ခိုက်နေကြောင်း သိရှိရသည်။

“စခတွေအလောင်းတောင်မကောက်နိုင်ဘူး။လက်နက်တွေလည်းအများကြီးကျန်ခဲ့တယ်။တကယ့်ကိုခွေးပြေး ပြေးရတဲ့အနေအထား။ကျွန်တော်တို့မဟာမိတ်တွေကလည်းနောက်ကထပ်ချပ်မခွာလိုက်နေတုန်းရှိသေးတယ်။သည်းမခံနိုင်တော့ဘူးလေ။ဒီနေ့တစ်နေ့လုံးဒီနားကရွာတွေအကုန်မီးနဲ့ပတ်ရှို့နေတဲ့ စခတွေကိုမြေလှန်ပစ်ဖို့အကုန်လုံးကဆုံးဖြတ်လိုက်ကြပြီ”ဟု ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု PPC ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားသည်။

စစ်ကောင်စီတပ်များသည် ဧပြီလ ဒုတိယပတ်မှစတင်ပြီး ပေါက်မြို့နယ်၊ ဆိပ်ဖြူမြို့နယ်တွေကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးပစ်ခတ်တိုက်ခိုက်မှုများ၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ကြကြောင်း၊ ယနေ့ တစ်ရက်တည်းတွင်ပင် ရှားလှကျေးရွာ၊ တောင်ချိုကျေးရွာ၊ အင်းငယ်ထောင့်ကျေးရွာ၊ တောင်ဘက်ကျေးရွာ၊ ဇီးတောကျေးရွာ အစရှိသည့် ကျေးရွာပေါင်း ၁၀ ရွာနီးပါးကိုမီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

လက်ရှိစစ်ကောင်စီတပ်များကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များအပြင် လောင်းရှည်မြို့နယ် PDF ၊ Chin land Defense Force – CDF တို့ကလည်း လာရောက်ပူးပေါင်းပြီးတိုက်ခိုက်နေကြောင်း သိရှိရသည်။

ပုလဲတွင် စစ်ကောင်စီတပ်သား ၂၃ ဦးသေဆုံးပြီး PDF ၂ ဦးကျဆုံး
=====================================

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် နှင့် မကွေးတိုင်း မြိုင်မြို့နယ် တို့ရှိ ကျေးရွာပေါင်း(၁၁)ရွာများသို့ စစ်ကြောင်းထိုးလာသော အင်အား ၆၄ ဦးရှိ စစ်ကောင်စီတပ်ကို ဧပြီလ ၂ ရက်နေ့မှ ၁၀ ရက် နေ့အထိ ၈ ရက်အတွင်း တိုက်ပွဲပေါင်း ၉ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးသေဆု့းပြီး ၈ ဦးဒဏ်ရာရရှိကြောင်း ၊
ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)မှတပ်ခွဲပေါင်း(၁၁)ခုအထိအသုံးပြုခဲ့ပြီး ပုလဲနှင့် မြိုင်မြို့နယ်များမှ တော်လှန်ရေး အင်အားစုများနှင့်ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြကြောင်း၊ တော်လှန်ရေး ရဲဘော်(၂)ဦးမှာလည်း တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ကြပြည်သူ့တော်လှန်ရေး တပ်မတော်က သတင်းထုတ်ပြန်သည်။

ကောလင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးပြီး ၁၅ ဦးအရှင်ဖမ်းမိ
===========================================

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကောလင်း – ကျွန်းလှလမ်းမပေါ်ရှိ ပင့်သာနယ်မြေရဲကင်းစခန်းနှင့် စာသင်ကျောင်းနေရာတို့တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များကို ဧပြီလ ၁၁ ရက်နေ့ နံနက် ၁နာရီခွဲအချိန်ခန့်တွင် ဒေသခံကာကွယ် ရေးတပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက် (စကစ+ဗျူစောထီး) ၃၀ သေဆုံးပြီး အရှင် ၁၅ကောင်ခန့် ဖမ်းဆီးထားကြောင်း သိရှိရသည်။

ဒီးမော့ဆို နောင်ပုလဲကျေးရွာတိုက်ပွဲတွင် စစ်တပ်က ၂၀ ဦးသေဆုံးပြီး PDF ၆ ဦးကျဆုံး
===========================================

ဧပြီလ ၁၁ ရက်နေ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် နောင်ပုလဲတွင် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြကြောင်း၊ နံနက် ၆ နာရီခန့်မှစတင်ပြီး နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်ထိ နှစ်ဖက် အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း၊ တိုက်ပွဲများအတွင်း KNDF ရဲဘော် ၆ ဦး ကျဆုံးခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ဦး သေဆု့းကြောင်း KNDF ရဲဘော်တဦးကိုကိုးကား၍ ဒေသသတင်းရင်းမြစ် Karenni’s Voice က သတင်းဖော်ပြသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article