25 C
Yangon

လှိုင်မြို့နယ် ၁၆ ရပ်ကွက်မှ စစ်ကောင်စီခန့် ရာအိမ်မှူး လှရှု သေနတ်ဖြင့် ၁၂ ချက် ပစ်ခတ်ခံရပြီးသေဆုံး၊ တောင်ဒဂုံမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ ဧပြီ ၁၁

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၁၆ ရပ်ကွက်မှ စစ်ကောင်စီခန့် ရာအိမ်မှူး လှရှုသည် ယနေ့ ညပိုင်းတွင် သေနတ်ဖြင့် ၁၂ ချက် အပစ်ခံရပြီး သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဧပြီလ ၁၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် လှိုင်မြို့နယ်၊ (၁၆) ရပ်ကွက်၊ ဘုရား လမ်းသွယ်၊ အမှတ် ၃၈ မြေညီထပ်ကားပါကင်တွင် ရာအိမ်မှူး လှရှုသည် ည ၇ နာရီ ၃၀ မိနစ်အချိန် သေနတ်ဖြင့် ၁၂ ချက် ပစ်ခတ်ခံရ၍ လည်ပင်း၊ရင်အုံ၊ ဝမ်းဗိုက်၊ ပုခုံး၊ ဆီးခုံတို့တွင် ကျည်ထိမှန်ဒဏ်ရာ ၁၂ ချက်ဖြင့် အခင်းဖြစ်နေရာတွင်ပင်သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၇၁) ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် ကေတုမတီလမ်းထောင့်ရှိ ၇၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရီတိုး၏နေအိမ်ကို ယနေ့ ည ၇ နာရီခွဲအချိန်တွင် သေနတ်ဖြင့်လေးချက်ပစ်ပြီး နေအိမ်ကိုလက် ပစ်ဗုံးဖြင့်ထပ်မံပစ်ပေါက်ခဲ့ကြောင်း၊ လက်ပစ်ဗုံးသည် ပေါက်ကွဲခြင်းမရှိခဲ့ကြောင်း ရဲသတင်းရင်းမြစ်များက ပြောသည်။

တောင်ဒဂုံမှ တိုက်ခိုက်မှုသည် SSUG PDF အဖွဲ့၏ တိုက်ခိုက်မှုဖြစ်ပြီး ထိခိုက်မှု မသိရှိရသေးဟု အဆိုပါအဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ၉နာရီ၄၀ခန့် ဗုံးတစ်လုံးထပ်မံပေါက်ကွဲကြောင်း၊ အင်းစိန်တွင် ဗုံးပေါက်ကွဲပြီး ယနေ့ ညပိုင်း ပေါက်တော၀ မီးပွိုင့်တွင် စစ်တပ်နှင့်ရဲများ ရောက်ရှိ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် လှိုင်မြို့နယ် ၁၆ ရပ်ကွက်ရုံးမြင်ကွင်း။

Photo-

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article