30 C
Yangon

ကန့်ဘလူတွင် စစ်တပ်က ပင့်သာရွာသား ကိုစိုးသန့်နှင့် ဦးညီညီဝင်းတို့ကို ဖမ်းဆီး သတ်ဖြတ်၊ ပင့်သာရွာအနီး ဖြစ်ပွားသော တိုက်ပွဲတွင် စစ်သားနှင့် ပျူစောထီး ၃၉ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၃၁

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပင့်သားရွာသား ကိုစိုးသန့်နှင့် ဦးညီညီဝင်းတို့ကို အကြမ်းဖက် စစ်တပ်က မေလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ကိုစိုးသန့်နှင့် ဦးညီညီဝင်းတို့သည် ကျေးရွာအတွင်းရှိ ၎င်းတို့ နေအိမ်များ၌ ခြင်ထောင် သွားရောက် ယူဆောင်စဉ် ရွာထိပ်၌ စစ်ကူလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တွေ့ဆုံကာ ဖမ်းဆီး သတ်ဖြတ် ခံရခြင်းဖြစ်ကြောင်း သိရသည်။

“၂၉ ရက်နေ့က ကန့်ဘလူမြို့နယ် ပင့်သာရွာနားမှာ စစ်တပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်တယ်။ အဲဒီ တိုက်ပွဲမှာ စစ်သားနဲ့ ပျူစောထီး ၃၉ ဦးသေတယ်။ အထိနာနေတဲ့ သူတို့ ခွေးတပ်ကို စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ ကိုစိုးသန့်၊ ဦညီညီဝင်းတို့က ထိပ်တိုက် သွားတွေ့တော့ ဖမ်းဆီး သတ်ခံရတာပဲ စစ်ခွေးတွေက ပျူစောထီး ရွာလူကြီး ဦးဖိုးတိုးကို လှမ်းမေးတယ်တဲ့ ကိုစိုးသန့်နဲ့ ဦညီညီဝင်းတို့ကို တာဝန်ယူလာတဲ့ ဦးဖိုးတိုးက တာဝန်မယူနိုင်ဘူးပြောတာနဲ့ သတ်လိုက်တာ တကယ်တော့ သူတို့ကရွာမှာ ကျန်ခဲ့တဲ့ ခြင်ထောင် သွားပြန်ယူတာ ရွာနားမှာ တိုက်ပွဲဖြစ်နေတော့ ဘုန်းကြီးကျောင်းထဲ ပုန်းနေကျပြီး ညဖက် အိပ်ဖို့ ခြင်ထောင်မရှိလို့ သူတို့ ၂ ယောက်က သွားပြန်ယူတာ အဲတာကို သတ်ပြီးတော့ စစ်ခွေးတွေက ဖလယ်ရရွာနားက မြောင်းဘောင်မှာ ရုပ်အလောင်းတွေ ထားခဲ့တယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် သတ်ဖြတ်သွားသော ကိုစိုးသန့်သည် အင်ဂျင်နီယာ ၁ ဦးဖြစ်ပြီး လက်ရှိချိန်ထိ စစ်တပ်နှင့်ပျူစောထီးများက ကင်းပုန်းများ ချထားသောကြောင့် ရုပ်အလောင်းများ ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မေလ ၂၉ ရက်နေ့က ပင့်သာရွာအနီး အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၃၉ ဦးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

သေဆုံးသူ ၃၉ ဦးတွင် စစ်သား ၅ ဦး၊ ချပ်သင်းရွာ ပျူစောထီး ၁၃ ဦးနှင့် ပင့်သာရွာ ပျူစောထီး ၈ ဦးတို့ ဖြစ်ကာ အများစုသည် ဆေးရုံသို့ ပို့ဆောင်စဉ်နှင့် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သော ပင့်သာရွာသား ကိုစိုးသန့်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article