28 C
Yangon

အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရNUG ကို ထိတွေ့ဆက်ဆံရန် မလေးရှားအစိုးရက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် တရားဝင် အဆိုပြုမည်

Must read

ရန်ကုန်၊ မေ ၁

အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ထိတွေ့ဆက်ဆံရန် မလေး ရှားအစိုးရ တရားဝင် အဆိုပြုမည်ဖြစ်ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ခု မတိုးတက်၍ NUG နှင့်ထိတွေ့ဆက်ရန် အဆိုပြုရန် စီစဉ်ခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က ပြောဆိုလိုက်သည်။

“အာဆီယံက တခြားအစိုးရတွေကို အသိအမှတ်ပြုဖို့ ကျနော်တို့ အဆိုပြုတာ မဟုတ်ဘူး၊ ဒါပေမယ့် အဲဒီလို အလွတ် သဘော ထိတွေ့ဆက်ဆံမှုမျိုး အထူး သဖြင့် သူတို့နိုင်ငံမှာ ရှိနေသေးတဲ့ မြန်မာနိုင်ငံက ပြည်သူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေကို ဘယ်လို ပို့ပေးနိုင်မလဲဆိုတာကို စဉ်းစားဖို့ပါ” ဟု ၎င်းက ဆိုသည်။

မေလ ၅ ရက်နေ့ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် NUG နှင့်ထိတွေ့ဆက်ဆံရန် မလေးရှားက အဆိုပြုမည်ဖြစ်ပြီး ကျန်နှစ်ချက်မှာမူ မြန်မာပြည်သူများအတွက် အကူအညီပေးရန်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အခန်းကဏ္ဍကိုလည်း မလေးရှားအစိုးရက ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီ၏ ပူးပေါင်းဆောင်ရွက်မှု ကင်းမဲ့နေ၍ အာဆီယံဘုံသဘောတူညီချက် တိုးတက်မှု မရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

အာဆီယံ အထူးကိုယ်စားလှယ်နှစ်ဦး ၏ အတွေ့အကြုံကို အခြေခံ၍ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ ကဏ္ဍနှင့် လုပ်ဆောင်ချက်ကို အားကောင်းစေမည့် နည်းလမ်းများ ရှာဖွေရန်ကိုလည်း လာမည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article