25 C
Yangon

ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား ယနေ့ မေလ ၁ ရက် နေ့လယ် ၁၂ နာရီခွဲတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်သည်။

“ပုလောအခြေစိုက် ခလရ ၂၈၅ က တပ်ဖွဲ့၊ အင်အားက ၁၀၀ ကျော်မယ်။ သူတို့က ကျောင်းနိမ့်ရွာဘက်ကို စစ်ကြောင်းထိုးလာတာ၊ အဲဒါကို ကျနော်တို့က ကြားဖြတ်တိုက်ခိုက်တာပေါ့။ အခုထိ သူတို့က ကျောင်းနိမ့်ရွာထဲမှာ တပ်စွဲထားတယ်၊ အင်အားလည်း ထပ်ဖြည့်ထားတယ် ၂၀၀ နီးပါးလောက် ရှိနေပြီ” ဟု ပုလော PDF ပြန်ကြားရေးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုသည် ၃ နာရီခွဲအထိ ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ရာ ကျောင်းနိမ့်ရွာသည် ပုလောမြို့ အနောက်တောင်ဘက်တွင် တည်ရှိပြီး ၂ မိုင်ခန့်သာကွာဝေးသည်။

ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် အပတ်စဉ် ၅ သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ဆင်းကြောင်းထိုးလာခြင်းမှာ ယင်းသင်တန်းဆင်းပွဲနှင့် ဆက်စပ်နိုင်ကြောင်း ပုလော PDF ပြန်ကြားရေးက သုံးသပ်ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်သားများသည် ကျောင်းနိမ့်ရွာရှိ အများပြည်သူပိုင်နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ပုလော PDF ထံမှ သိရှိရသည်။

ဓါတ်ပုံ – ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် အပတ်စဉ် ၅ သင်တန်းဆင်းပွဲ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article