25 C
Yangon

သန်လျင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ကြံ့ခိုင်ရေး အမတ်လောင်း ရန်နိုင်ရွှေ ဆံပင်ညှပ်နေစဉ် သေနတ်ဖြင့် ၉ ချက် ပစ်ခတ်ခံရပြီး သေဆုံး၊ စစ်ကောင်စီဒေါက်တိုင် သန်လျင် KBZဘဏ် နှင့် ယာဉ်ထိန်းရုံးကိုလည်း တိုက်ခိုက် ၊ ဒလတွင်လည်း စစ်တပ်နှင့်ပူးပေါင်းနေသူ လူမိုက် ကရင် အသတ်ခံရ

Must read

ရန်ကုန်၊ မေ ၁

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ စစ်ကောင်စီ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၂၊ ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ရန်နိုင်ရွှေ ဆံပင်ညှပ်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

မေလ ၁ ရက်နေ့ ညနေ ၆ နာရီအချိန် ဆံပင်ညှပ်ဆိုင်အတွင်းတွင် ဆံပင်ညှပ်နေသော ရန်နိုင်ရွှေကို သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရှိရသည်။

“ဆံပင်ညှပ်ဆိုင်ထဲကို ဝင်ပစ်တာ။ ဆံပင်ညှပ်နေတဲ့ တစ်ဦးတော့ ပွဲချင်းပြီးဆုံးတယ်။ ကြံ့ခိုင်ရေး လွှတ်တော်အမတ်၊ မြို့နယ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင် ကိုရန်နိုင်ရွှေလို့ သိရပါတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က မြို့နယ်စီမံအုပ်ချုပ်မှုကောင်စီအဖွဲ့ဝင်၊ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်၊ သွေးသောက် အဖွဲ့ခေါင်းဆောင် ၊ ၂၀၂၀ ရွေးကောက်ပွဲ ကြံ့ဖွတ်အမတ်လောင်း ရန်နိုင်ရွှေ ကို ပစ်ခတ် ရှင်းလင်းကြောင်း သတင်းထုတ်ပြန်သည်။

ထို့ပြင် သန်လျင်မြို့လယ်ခေါင်မှ KBZ ရဲ့ ATM စက်များနှင့် KBZ ဘဏ် ကားကိုပါ ပစ်ခတ်ခဲ့ကြောင်း၊ ခရိုင်ယာဉ်ထိန်းရုံးကိုလည်း ပစ်ခတ်ခဲ့ကြောင်း၊ ယာဉ်ထိန်းရဲတစ်ဦးထိမှန်ကြောင်း သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အလားတူ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြိုနယ်တွင် စစ်တပ်နှင့်ပူးပေါင်းပြီး ပြည်သူကို နှိပ်စက်နေသည့် ကျန်စစ်သားရပ်ကွက်မှ လူမိုက် ကရင် ယနေ့ ည ၇ နာရီ ဒလ-တွံ့တေးကားလမ်းပေါ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“ကရင်က လူမိုက်။ စစ်တပ်နဲ့ပေါင်းပြီး ဧည့်စာရင်းစစ်တယ်။ ရယက ခိုင်းဖက်၊ စစ်တပ်က ခိုင်းဖက်ပေါ့။ အခုတော့ သေပြီ” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- သန်လျင်စစ်ကောင်စီ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ကြံ့ခိုင်ရေး အမတ်လောင်း ရန်နိုင်ရွှေ သေနတ်ဖြင့် ၉ ချက် ပစ်ခတ်ခံရပြီး သေဆုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article