37 C
Yangon

PDF ကို ကြောက်လန့်နေရဟု ဝန်ကြီးချုပ် တင့်လွင်ပြောဆိုသည့် မကွေးတိုင်း၊ စစ်ကောင်စီအစည်းအဝေး အသံဖိုင် Khit Thit သို့ ပေါက်ကြားမှုဖြင့် မကွေး တိုင်းအစိုးရ အတွင်းရေးမှူး ဒုညွှန်ချုပ် ဝင်းရှိန် နိုင်ငံတော်လျှို့ဝှက်ဥပဒေဖြင့် ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ မေ ၃

PDF ကို ကြောက်လန့်နေရဟု မကွေးဝန်ကြီးချုပ် တင့်လွင်ပြောဆိုသည့် မကွေးတိုင်း၊ စစ်ကောင်စီအစည်းအဝေး အသံဖိုင် Khit Thit သို့ ပေါက်ကြားမှုဖြင့် မကွေးတိုင်းအစိုးရ အတွင်းရေးမှူး ဒုညွှန်ချုပ် ဝင်းရှိန်ကို ယမန်နေ့တွင် နိုင်ငံတော်လျှို့ဝှက်ဥပဒေဖြင့် ဖမ်းဆီးလိုက်ကြောင်း နေပြည်တော်စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မေလ ၂ ရက်နေ့ ညပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဗိုလ်ကြီးဟောင်း ဝင်းရှိန်ကို နိုင်ငံတော်လျှို့ဝှက်ချက် ချိုးဖောက်မှုဖြင့် ဖမ်းဆီးအရေးယူလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မကွေးတိုင်းအစိုးရ အဖွဲ့အစည်းအဝေးမှာ PDF ကို ကြောက်နေရတယ်ဆိုတာကို ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေက ထုတ်ပြောတယ်။ အဲဒီအစည်းအဝေး အသံဖိုင် အစအဆုံးကို ခေတ်သစ်ကို ပေါက်သွားတယ်။ အဲဒါကို မသင်္ကာလို့ မကွေးမှာ နှစ်ခါ စစ်တယ်။ နောက်တော့ သူ့ကို နေပြည်တော် ပြန်ခေါ်တယ်။ နေပြည်တော်မှာ ဒုညွှန်ချုပ်ရာထူးနဲ့ နေနေတုန်း မကွေးတိုင်းသတင်းတွေက ဆက်ပေါက်နေတဲ့အတွက် မနေ့ညပိုင်းက လ၀ ဥပဒေနဲ့ (လျှို့ဝှက်ဥပဒေ) ဖမ်းလိုက်တယ်လို့ သိရတယ်” ဟု နေပြည်တော်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်ကောင်စီခန့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် တင့်လွင် ဦးဆောင်သည့် တိုင်းစစ်ကောင်စီအဖွဲ့သည် ဇန်နဝါရီလ ၁၉ ရက်နေ့ တိုင်းအဆင့်အစည်းအဝေးပြုလုပ်ပြီး ယင်းအစည်းအဝေးတွင် တင့်လွင်ကိုယ်တိုင် PDF ကိုကြောက်လန့်နေမှုကို ထုတ် ဖော်‌ပြောဆိုခဲ့ကြောင်း၊ မကွေးတိုင်း နယ်မြေကွင်းဆင်းရန် စစ်တပ်ကလည်း လုံခြုံရေးမပေးနိုင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။

ရန်ကုန်ခေတ်သစ်က အများပြည်သူ သိရှိစေရန် အဆိုပါ မကွေးတိုင်းအစိုးရ အစည်း အဝေး အစအဆုံး တစ်နာရီခွဲကြာ အသံဖိုင်ကို ဇန်နဝါရီလ ၂၄ ရက်နေ့ တရားဝင် သတင်းထုတ်ပြန်ပေးခဲ့ပြီး ယင်းအစည်းအဝေး အသံဖိုင်ကို
https://www.facebook.com/khitthitnews/videos/1711701205888326/ ဝင်ရောက်နားဆင်ဖတ်ရှုနိုင်ပါသည်။

ဓာတ်ပုံ- မကွေးတိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဝင်းရှိန်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article