25 C
Yangon

ပေါက်တွင် စစ်တပ် တပ်စွဲထားသော ဒီးဒုတ်ရွာ ကင်းစခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဝင်ပစ် စစ်သား ၁ဦးသေဆုံး၊ ကျောက်ဆည် တွင်လည်း ဆိုင်ကယ် စီးနင်း နေသော စစ်သား ၁ဦး ပစ်ခတ်ခံရကာ သေဆုံး

Must read

ရန်ကုန်၊ မေ ၃

မကွေးတိုင်း ပေါက်မြို့နယ် ဒီးဒုတ်ရွာတွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသော ကင်းစခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မေလ ၃ရက်နေ့ နံနက် ၂နာရီခန့်တွင် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ဦးသေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ကင်းစခန်းကို Young Revolution Front (YRF) ၊ Southern Pauk Guerrilla Force( SPGF) ၊ Yaw Defence Force-SAW နှင့် Southern Pauk People’s Defense Force(SPPDF) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း ကျောက်ဆည်မြို့ ရဲစုရပ်ကွက်တွင် ယနေ့ မေလ ၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က ဆိုင်ကယ်ဖြင့် သွားလာနေ ယူနီဖောင်းဝတ် အကြမ်းဖက် စစ်သား ၁ဦးကို ကျောက်ဆည် ခရိုင် ကာကွယ်ရေး တပ်ဖွဲ့(K.D.D.F)မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

Photo – ကျောက်ဆည်တွင် KDDF တပ်ဖွဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သော ဆိုင်ကယ် စီးနင်းနေသည့် စစ်သား

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article