25 C
Yangon

ဘုတလင်မြို့ အုတ်ဖိုရွာတွင် စစ်တပ်က နယ်မြေရှင်းလင်းရေးဟုဆိုကာ ဝင်စီးပြီး ပြည်သူ ၁၀ ဦးကို ပစ်သတ်၊ ဓားစာခံ လူငယ် ၂ ဦးကို ဖမ်းဆီးသွား

Must read

ရန်ကုန်၊ မေ ၃

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အုတ်ဖိုးကျေးရွာကို တွင် စစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် မေလ ၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် ဝင်စီးပြီး သက်ကြီးရွယ်အို၊ ကလေးမိခင် အပါအဝင် ပြည်သူ ၁၀ ဦးကို ပစ်သတ်ကာ လူငယ် ၂ ဦးကို ဓားစာခံဖမ်းဆီးသွားကြောင်း သိရှိရသည်။

ယမန်နေ့က စစ်ကိုင်းတိုင်း ဘုတလင်မြို့ အုတ်ဖိုရွာကို စစ်တပ်က ဝင်ရောက်စီးနင်းစဉ် မပြေးနိုင်သဖြင့် ဘုရားကုန်းပေါ်တွင် ခိုလှုံနေသော သက်ကြီးရွယ်အိုများ၊ လူကြီးသူမများကို လိုက်ပို့သော ထော်လာဂျီသမား နှစ်ဦးအပါအဝင် စုစုပေါင်းဥ၁၀ ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံပြည်သူများက ပြောကြားသည်။

“သက်ကြီးရွယ်အိုတွေကိုတော့ မသတ်လောက်ဘူးထင်လို့ ကျွန်တော်တို့က လူကြီးတွေကို ဘုရားကုန်းပေါ်ပို့ ပြီး ရှောင်ကြတာပါ။ ပြန်ထွက်သွားလို့ ရွာကို ပြန်လာကြည့်တော့ အားလုံးကို သတ်သွားပါတယ်” ဟု ရွာခံ လူငယ်တစ်ဦးက ပြောကြားသည်။

ဘုရားကုန်းပေါ် သီတင်းသုံးနေသော သီလရှင်ဆရာလေးကိုလည်း စစ်တပ်က ပစ်ခဲ့ကြောင်း၊ သို့သော် ဆရာလေးနားတွင် ရှိနေသော ရွာခံ မမိုးမိုး ဆိုသူ အမျိုး သမီးက ဝင်ရောက်ကာခဲ့သဖြင့် ဆရာလေး မသေခဲ့ဘဲ မမိုးမိုး သေဆုံးသွားကြောင်း၊ သက်ကြီးရွယ်အိုများကိုပါ ခေါင်းကို တေ့ပစ်သွားသဖြင့် ရွံရှာစက်ဆုပ်မိကြောင်း နောက်ထပ် ရွာခံတစ်ဦးအဆိုအရ သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က ဦးခေါင်းတေ့၍ ပစ်သတ်သွားသော အုတ်ဖိုရွာမှာ ဒေသခံ ပြည်သူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article