25 C
Yangon

ရွှေဘို ညောင်ပင်သာရွာသား ကိုပြည့်ဖြိုးအောင် အပါအဝင် ပြည်သူ ၅ဦးကို စစ်တပ်က ပစ်သတ်၊ ရွာထိပ်တွင် စစ်တပ်က ဗုံးများ ထောင်ထားခဲ့ပြီး ရုပ်အလောင်းများ ကောက်မရ

Must read

ရန်ကုန်၊ မေ ၃

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၂ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာသား ကိုပြည့်ဖြိုးအောင် အပါအဝင် ပြည်သူ ၅ဦးကို စစ်တပ်က ပစ်သတ် ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော Shwebo Daily Newsမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းသို့ ပြည်သူများ မဝင်နိုင်အောင် ရွာထိပ်တွင် ဗုံးများ ထောင်ထားခဲ့ကာ ပြည်သူများကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ အလောင်း ကောက်မရသေးကြောင်း သိရသည်။

မေလ ၂ရက်နေ့ နံနက် ၉နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ညောင်ပင်သာကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့ကာ ကျေးရွာ အနီးအနားရှိ ရွာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

” အမည်တွေတော့ မသိရသေးဘူး။ ကိုပြည့်ဖြိုးအောင် တစ်ဦးပဲ သိရသေးသည်။ စိတ်ဝေဒနာရှင် တစ်ဦး ပါတယ်ဆိုတာပဲ သိရသေးတယ်။ အခုထိရွာထဲ ပြည်သူတွေအကုန် မရောက်သေးဘူး။ စစ်တပ်က ရွာထဲမှာ ကင်းပုန်းတွေနဲ့ ဗုံးထောင်ခဲ့တော့ ပြည်သူတွေ မဝင်ရဲဘူး ဖြစ်နေတယ်”ဟု Shwebo Daily Newsမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Photo – စစ်တပ် ပစ်သတ်လိုက်သော ညောင်ပင်သာ ကျေးရွာသား ကိုပြည့်ဖြိုးအောင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article