30 C
Yangon

ညောင်ဦးတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး စန်းရွှေ ဦးဆောင်၍ သွေးသောက်အဖွဲ့ ဖွဲ့စည်းရေး စည်းဝေးစဉ် ဝင်ပစ်မှုကြောင့် ပျူစောထီး ၃ ဦး သေဆုံး၊ စဉ့်ကူးတွင် ရဲစခန်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၂၀

မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ညောင်ဦးမြို့နယ်၊ အောက်ညဉ့်ရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စန်းရွှေ ဦးဆောင်၍ ၎င်း၏‌ နေအိမ်တွင် ပျူစောထီး ၈ ဦးက သွေးသောက်အဖွဲ့ ဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေးစဉ် ဒေသကာကွယ်ရေးတပ်များက ဝင်ရောက် ပစ်ခတ်ရာ ပျူစောထီး ၃ ဦးသေဆုံးသွားကြောင်း သိရှိရသည်။

မေလ ၁၉ ရက်နေ့ နေ့လယ်ပိုင်း TTAပြောက်ကျားတပ်(တောင်သာ) အဖွဲ့ ဦးဆောင်၍ မြေလတ်-PDF MGN District ၊ Seven People Defense Force(S.P.D.F)၊ Bagan Heros Guerrilla Force(B.H.G.F)၊ 27 Revolution Force(MGN) တို့ ပူးပေါင်း၍ သွေးသောက်အဖွဲ့ ဖွဲ့စည်းရေး အစည်းအဝေးကို ဝင်ရောက် ပစ်ခတ်ရာ ၃ ဦး သေဆုံးသွားကြောင်း၊ ၁ ဦးမှာလည်း သေဆုံးဖွယ်ရှိနေကြောင်း TTA ပြောက်ကျားတပ်(တောင်သာ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“မန္တလေးကနေ ညောင်ဦးကို သွေးသောက်အဖွဲ့ဖွဲ့အစည်းဝေးထိုင်နေတုန်းဝင်ပစ်တာပါ။ သေတဲ့သူတွေက မောင်မြင့်၊ ခိုင်ဇော်။ ခိုင်ဇော်က မန္တလေးသွေးသောက်အဖွဲ့ဝင်ပါ။ သူတို့ဆီက အချက် အလက် တွေအများကြီးရတယ်။ သူတို့ သွေးသောက်အဖွဲ့က ဖမ်းမယ့်စာရင်းတွေ ရတယ်။ ပျူစောထီးတွေ ဖြစ်ကြောင်း ပိုမိုခိုင်လုံတဲ့ သက်သေတွေလည်းရပါတယ်။ သေတဲ့သူတွေထဲမှာ မန္တလေးမှာ စစ်တပ်ဒလန်အကြီးစား ကျော်ကျော်မင်းလည်းပါသွားတယ်။ မန္တလေးမှာ ကျည်ကိုးချက်နဲ့ အပစ်ခံတရာ မသေတဲ့ ဒလန်ကျော်ကျော်မင်းပါ” ဟု TTA ပြောက်ကျား(တောင်သာ) တာဝန်ခံက ဆိုသည်။

အလား မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရွှေပြည်ရဲစခန်းကို ယနေ့ နံနက် မတ္တရာ ပကဖ ဗိုလ်လင်းယုန်နှင့် စဥ့်ကူးမဟာမိတ်တပ်ပေါင်းစုက ယနေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန် ဝင်ရောက် ပစ်ခတ်ခဲ့ရာ ရွှေပြည်လက်ရှိစခန်းမှူးအပါ၀င်၃ဦး သေဆုံးကြောင်း၊ အဆိုပါ ရဲစခန်းကို ၀င်ရောက် ပစ်ခတ်စဉ် ထပ်မံ သေဆုံးသူနှင့်ဒဏ်ရာရသူများရှိနိုင်ကြောင်း သိရှိရသည်။

ထို့ပြင် တပ်ကူလာသော စစ်ကားကို ထပ်မံ မိုင်းဆွဲရာတွင် မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထပ်မံ သေဆုံးသွားကြောင်း၊ ရဲစခန်းပစ်ခတ်မှုနှင့် စစ်ကူကားကို မိုင်းဆွဲမှုတွင် စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း ဥဒေါင်းမင်း-The KING Peacockက ထုတ်ပြန်ပြောဆိုသည်။


ဓာတ်ပုံ- ညောင်ဦးတွင် သွေးသောက်အဖွဲ့ဖွဲ့စည်းရန် ပြင်ဆင်နေစဉ် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသော ပျူစောထီး ၁ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article