28 C
Yangon

တန့်ဆည်တွင် စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် ရွာ ၁၀ ရွာက ပြည်သူများလည်း ထွက်ပြေးနေရ

Must read

ရန်ကုန်၊ မေ ၃၀

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျွန်းတောကုန်းရွာနှင့် အောင်ချမ်းသာရွာကို မီးရှို့ ဖျက်ဆီးပြီး အနီးအနားရှိ ရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ် နေသောကြောင့် ကျေးရွာ ၁၀ ရွာက ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကျွန်းတောကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံးကျော် မီးလောင်ပြာကျခဲ့ကာ ယနေ့ မေလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က အောင်ချမ်းသာရွာကို ထပ်မံ ဝင်ရောက် စီးနင်းပြီး ရွာလုံးကျွတ် မီးတင်ရှို့နေကြောင်း သိရသည်။

အောင်ချမ်းသာရွာကို မီးတင်ရှို့နေသော အကြမ်းဖက် စစ်တပ်သည် အနီးအနားရှိ ကျေးရွာများကိုပါ လက်နက်ကြီးများဖြင့် အကြိမ်ရေ ၅၀ ထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် သစ်စေးကုန်း(တောင်)ရွာ၊ သစ်စေးကုန်း (မြောက်)ရွာ၊ နဘက်ကြီးရွာ၊ မြောက်အင်းရွာ၊ ချောင်းဆုံရွာ၊ သဲစား(အနောက်)ရွာ၊ သဲစား(အရှေ့)ရွာ၊ အင်တောသာရွာနှင့် တဆယ်ကျဲရွာမှ ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

” အနီးအနားက ရွာတွေပါ ပြေးနေရတာ ရွာပေါင်း ၁၀ ရွာလောက်ရှိမယ်။ စစ်တပ်က လက်နက်ကြီးတွေပါ ရမ်းပစ်နေတာ အချက်ရေ ၅၀ လောက်ရှိမယ်။ မီးရှို့ဖျက်ဆီးခံရတာက ၂ ရွာ ကျွန်းတောကုန်းရွာနဲ့ အောင်ချမ်းသာရွာ ကျွန်းတောကုန်းကတော့ ၁၀ အိမ်လောက် မီးလောင် ပြာကျသွားတယ်။ အောင်ချမ်းသာရွာကတော့ နံနက်တည်းက ရှို့နေတာ အခုထိ မငြိမ်းသေးဘူး။ ရွာလုံးကျွတ်မယ်ထင်တယ်။ ကျန်ရွာတွေကိုတော့ စစ်ခွေးတွေ မရောက်သေးတော့ အခြေနေ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – ယမန်နေ့က အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးခဲ့သော ကျွန်းတောကုန်းရွာကို အဝေးမှ တွေ့မြင်ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article