29 C
Yangon

ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားများ ဦးဆောင်ဆန္ဒပြ၊ ဆန္ဒပြပွဲအပြီး စစ်တပ်က ကားဖြင့်တိုက်၍ ဖမ်းဆီးသဖြင့် လူငယ် ၅ ဦးဖမ်းဆီးခံရ

Must read

ရန်ကုန်၊ မေ ၃၀

ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့ နံနက်ပိုင်း သင်္ဃန်းကျွန်းတွင် ပြုလုပ်ခဲ့ပြီး ကျောင်းသားများက ဦးဆောင်ချီတက်ခဲ့ကြသည်။

”ခွေးပါးစပ်ထဲကတိုင်းပြည်ကို ရအောင်ပြန်ယူမယ်” ပိုစတာဖြင့် ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင် မြို့နယ်သမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများက ယနေ့မနက်ပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက် ကျားသပိတ်ပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြပွဲအပြီး စစ်တပ်က အိမ်စီးကားဖြင့် တိုက်ခိုက် ဖမ်းဆီး၍ ဆန္ဒပြ လူငယ် ၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ကျောင်းသားများက ဆိုကြပြီး စစ်တပ်သတင်းရင်းမြစ်များ၏ သတင်းဖော်ပြချက်အရ တောင်ဥက္ကလာပမြိုနယ်၊(၁၂) ရပ်ကွက်ရတနာလမ်းတွင် ကိုပြည့်ဖြိုးအောင်၊ ကိုဟိန်းထက်အောင်၊ ကိုဘုန်းနိုင်ခန့်၊ကို အာကာချမ်းအေး၊ မစုလဲ့နှင်းတို့ကို စစ်တပ်က ဖမ်းသွားကြောင်း သိရှိရသည်။

Photo-AAMIJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article