28 C
Yangon

မြ၀တီဘက်မှ လက်နက်ကြီးပစ်ခတ်သံတချို့ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်းမှ ကြားရ၊ လက်လွှတ်ဆုံးရှုံးခဲ့သည့် သေ့ဘောဘိုးစခန်းကို စစ်ကောင်စီက ပြန် လည်တိုက်ခိုက်ဖွယ်ရှိ

Must read

ရန်ကုန်၊ မေ ၃၁

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစခန်းဘက်တွင် လက်နက်ကြီးပစ်ခတ်သံများကြား ဆက်တိုက်ထွက်ပေါ်လျက်ရှိပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းဘက်မှပင်ကြားနေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

မေလ ၃၁ ရက်နေ့ ည ၁၀ နာရီကျော်ဝန်းကျင်မှစတင်၍ လက်နက်ကြီး ပစ်ခတ်သံတချို့ ကြားရခြင်းဖြစ်ပြီး ကရင်သတင်းရင်းမြစ်များ၏ အဆိုအရ စစ်ကောင်စီတပ်များနှင့် BGF များက KNU တိုက်ခိုက်သိမ်းယူသွားသော သေ့ဘောဘိုးစခန်းကို ပြန်လည် သိမ်းယူရန် အင်အားအများအပြား သုံး၍ ပြန်လည်သိမ်းပိုက်ရန် ကြိုးစားလာခြင်းဖြစ်နိုင်ကြောင်း၊ မြ၀တီမြို့နယ်ပေါ်မှလည်း လက်နက်ကြီးပစ်ခတ်သံတချို့ကြားရကြောင်း သိရှိရသည်။

“ကျနော်တို့သိသလောက် လေးကေ့ကော်ဘက်မှာလည်း BGF တွေ စစ်ကြောင်းတွေနဲ့ ရောက်နေကြတယ်။ သေ့ဘောဘိုးစခန်းကို စစ်တပ်ဘက်က ပြန်သိမ်းမယ်ဆိုတဲ့ သတင်းတွေထွက်နေတာကြာပါပြီ။ ဒီညတော့ လက်နက်ကြီးပစ်သံတချို့ ကြားရတယ်” ဟု မြ၀တီဒေသခံတစ်ဦးက ပြောသည်။

မေလ ၁၈ ရက်နေ့တွင် KNU က မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစခန်းကို တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၆ ဦးကို အရှင်ဖမ်းမိခဲ့ကာ စစ်သား ၁၀ ဦးနီးပါး သေဆုံးခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article