35 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁ ရက် နေ့လည်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁ ရက် နေ့လည်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– မကွေးမြို့ အမှတ် ၂ ရဲစခန်းမှာ ရဲစခန်းမှူး အောင်စိုး နဲ့ မကွေးလေတပ်စစ်သားအကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်ရာကနေ ထိုးကြိတ်ခိုက်ရန် ဖြစ်ပွားမှု မေလ ၃၁ ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။
– မကွေးမြို့ ၊ အထက (၁) ကျောင်း ရဲ့ မြောက်ဘက် အပေါက်မှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့က မေလ ၂၈ ရက်နေ့ ည ၇ နာရီကျော်လောက်မှာ ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ တမဆေးကန် ရွာအနီးက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ် နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဟာ မေလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီလောက် မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ပွင့် ဗိုလ် ၁ ဦး အပါအဝင် အကြမ်းဖက်တပ်သား ၁၇ ဦး သေဆုံးခဲ့တယ်လို့ စစ်ကိုင်းခရိုင် တပ်ရင်းအမှတ်(၄) – MSPDF တပ်ဖွဲ့ဆီကနေ သိရပါတယ်။
– စစ်ကိုင်းတိုင်း ၊ တန့်ဆည်မြို့နယ် ၊ အောင်ချမ်းသာရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က မေလ ၃ဝ ရက်နေ့မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းခဲ့တဲ့အပြင် ၊ပြည်သူပိုင် နေအိမ် ၁ဝဝ ကျော် ကို မီးရှို့ဖျက်ဆီးခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article