38 C
Yangon

ရန်ကုန်၊ ဖားကန့်၊ ရွှေဘို၊ သရက်နှင့်ကျောက်ပန်းတောင်း တို့တွင် အုပ်ချုပ်ရေးမှူး၊ သတင်းပေးနှင့်ပျူစောထီး စုစုပေါင်း ၈ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁

ရန်ကုန်၊ ဖားကန့်၊ ရွှေဘို၊ သရက်နှင့်ကျောက်ပန်းတောင်းတို့တွင် အုပ်ချုပ်ရေးမှူး၊ သတင်းပေးနှင့်ပျူစောထီး စုစုပေါင်း ၈ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆွတ်အောင်ကျေးရွာအနီးတွင် စစ်ကောင်စီခန့် မက်လင်ချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး အုန်းကျော် အပါအဝင် စုစုပေါင်း ၄ ဦးကို အမည်မသိသူတချို့က မေလ ၃၁ ရက်နေ့ ညပိုင်းတွင် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

မေလ ၃၁ ရက်နေ့ ည ၈ နာရီအချိန်တွင် မက်လင်ချောင်ကျေးရွာ အုပ်ချုပ်ရေးမှူးအုန်းကျော်၊အုပ်ချုပ်ရေးအဖွဲ့ဝင် မျိုးထက်၊ ရွှေမန်းနဲ့ ကျော်သန်းတို့ ၄ ဦးကို အမည်မသိသူတချို့က သတ်ဖြတ်သွားခြင်းဖြစ်ပြီး အသတ်ခံရသူ ၄ ဦးသည် ပျူစောထီးအဖြစ် စစ်သင်တန်း တက်ရောက်ရန် လူစုဆောင်းနေကြသူများလည်းဖြစ်ကြောင်း သိရှိရသည်။

“လက်နောက်ပြန်ကြိုးတုပ်ပြီး သေနတ်နဲ့ပစ်သတ်သွားတာ။ အဲဒါ နာရေးကူညီရေးအသင်းတွေက ရင်ခွဲရုံပို့ပေးရတယ်။ သူတို့က ပျူစောထီး သင်တန်းအတွက် လူလိုက်စုနေတာလို့လည်းသိရတယ်။ အသတ်ခံရတာက မနေ့ည ၈ နာရီက အသတ်ခံရတာပါ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်းဒေါပုံမြို့နယ်တွင်လည်း မေလ ၃၁ ရက်နေ့နံနက်ပိုင်း ဒေါပုံ ၊ ဇေယျာသီရိရပ်ကွက် ၊ အောင်သီတာ ၈ လမ်းတွင် စစ်ကောင်စီသတင်းပေး ရှူးရှဲကို သေနတ်ဖြင့် ပစ်ခတ်ခံပြီး ဒဏ်ရာရရှိသွားသဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ သရက်ခရိုင်၊ သရက်မြို့နယ် ၊ တွင်းလယ်ကျေးရွာ အနီး၌ မေလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီခန့် တွင်းလယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဘိုဘိုမင်းသည် သေနတ်ဒဏ်ရာ နှစ်ချက်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကော့ကျေးရွာတွင် စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူ ငတက်ပြားကို မေလ ၂၇ ရက်နေ့တွင် Black WOLF-PDF က ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း၊ ငတက်ပြားသည် ကော့ရွာမှ ပျူစောထီးများကို သတင်းပေးခြင်း ၊ စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးတပ်များ ၏ မိုင်းကွင်းများ လိုက်လံပြသခြင်း ၊ တအုံရွာသား ဖြစ်သောအပြစ်မဲ့ပြည်သူ ကိုအေးလင်းကို ပျူစောထီးများက ဖမ်းဆီး သတ် ဖြတ်ခိုင်းရာတွင် ပါဝင်ခြင်း တို့ကြောင့် အကြိမ်ကြိမ်အခါခါ သတိပေးခဲ့ကြောင်း၊ သတိပေးချက်များအပေါ် လိုက်နာခြင်းမရှိသဖြင့် ရှင်းလင်းဖြစ်ကြောင်း Black WOLF-PDF ၏ ပြောဆိုချက်အရ သိရှိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နယ် လျှောတောကျေးရွာ အုပ်ချုပ်ရေးမှူး စိုးဝင်းနှင့် ဇနီး ဝါဝါထွေးတို့ မေလ ၃၁ ရက်နေ့တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article