38 C
Yangon

KNU တပ်မဟာ ၂ က စကခ ၂၀ မှူး ဗိုလ်မှူးချုပ်ကိုကိုလွင်နှင့် စစ်တပ်ကို သတိပေးချက်ထုတ်ပြန်၊ KNU က အုပ်ချုပ်ရေးလုပ်ငန်းများ အပြည့်အ၀ ဆောင်ရွက်မည်ဖြစ်၍ မနှောင့်ယှက်ရန် သတိပေးထား

Must read

ရန်ကုန်၊ ဇွန် ၃

ပဲခူးတိုင်း၊ တောင်ငူခရိုင်တွင် KNU တပ်မဟာ ၂ က စစ်ကောင်စီတပ်မှ စကခ ၂၀ မှူး ဗိုလ်မှူးချုပ်ကိုကိုလွင်နှင့် စစ်တပ်ကို သတိပေးချက်ထုတ်ပြန်လိုက်ပြီး KNU က အုပ်ချုပ်ရေးလုပ်ငန်းများ အပြည့်အ၀ ဆောင်ရွက်မည် တရားဝင် ကြေညာချက်ထုတ်ပြန်သည်။

KNU တပ်မဟာ ၂ အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့်လုံခြုံရေးကို အထူးအလေးထား အကာအကွယ်ပေးမည့်အပြင် KNU ဗဟိုဌာနချုပ်နှင့် KNLA ဌာနချုပ် နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုများကို ခံယူလုပ်ဆောင်နေကြောင်း၊ KNU အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာ လုပ်ငန်းများကို စစ်ကောင်စီက နှောင့်ယှက်ခြင်းမပြုရန် ၊ ပြည်သူလူထု၏ လုပ်ငန်းခွင် သွားရေးလာရေးများနှင့် ကုန်စည်ရိက္ခာ သယ်ပို့ဆောင်ရေးများကို စစ်ကောင်စီက နှောင့်ယှက်နေမှုများ ရပ်တန့်ရန် သတိပေးထားသည်။

ယင်းအပြင် စကခ ၂၀ မှူး ဗိုလ်မှူးချုပ် ကိုကိုလွင်က KNU အုပ်ချုပ်ရေးလုပ်ငန်း များကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်ခြင်း မပြုရန်နှင့် သတိပေးချက်များကို မလိုက်နာဘဲ ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက နောင်ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တာဝန်ယူမည်မဟုတ်ကြောင်း KNU တပ်မဟာ ၂ ဌာနချုပ်က တရားဝင် ထုတ်ပြန် ကြေညာသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article