28 C
Yangon

ခင်ဦး သာဂရရွာသူ ဒေါ်ရှိကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး ရွာကို မီးရှို့ဖျက်ဆီး၊ နေအိမ် ၇ဝ ကျော်နှင့် ဆန်စပါး တင်းရေ ၁ သောင်းကျော် ပြာကျ

Must read

ရန်ကုန်၊ ဇွန် ၅

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ခင်ဦး – ရေဦးလမ်းပိုင်းရှိ သာဂရကျေးရွာကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ အသက် ၇၉ နှစ်အရွယ် ဒေါ်ရှိကို စစ်တပ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၇ဝ ကျော်၊ ဆန်စပါး တင်းရေ ၁ သောင်းကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး လယ်ယာသုံး နွားများကိုလည်း မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

” ၄ရက်နေ့ နံနက် ၆ နာရီ ၃ဝ မိနစ်ကစပြီး စစ်တပ်က ရွာကို ဝင်စီးပြီး မီးရှို့ ဖျက်စီးတာ ပြည်သူပိုင် နေအိမ် ၇၀ ကျော် မီးရှို့ ဖျက်စီးခံရတယ်။ ဒီနေ့ စစ်တပ်က မီးရှို့ထားတဲ့ဟာတွေကို ဝင်ရှင်းရင်းနဲ့ စစ်ခွေးတွေ မီးရှို့သတ်သွားတဲ့ အသက် ၇၉နှစ် အဖွားအို ဒေါ်ရှိ အလောင်းကို ရှာတွေ့ခဲ့တယ်။ နောက်ပြီး လယ်ယာသုံးနွားတွေ လည်း မီးရှို့သတ်ဖြတ်ခံရတယ်။ စားသောက်ကုန် ဆန်စပါး တင်းရေ ၁ သောင်းကျော်လည်း မီးထဲပါသွားပြီး ပြာပဲကျန်တော့တယ်”ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article