30 C
Yangon

လေယာဉ်ဆီခိုးထုတ်ရောင်းချရာတွင် လေတပ်မှ ဒုဗိုလ်မှူးကြီး ၇ ဦးနှင့်ဗိုလ်မှူး ၂ ဦးပါဝင်ပတ်သက်၊ လေယာဉ်ဆီတစ်ပီပါ ၅ သိန်း၅သောင်းအထိစျေးရ

Must read

By Operation Spitfire

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ရှိ လေတပ်မှ ဒုဗိုလ်မှူးကြီး ၇ ဦးနှင့် ဗိုလ်မှူး ၂ ဦးတို့သည် လေယာဉ်ဆီများ ခိုးထုတ်ရောင်းချရာတွင် အဓိက ဦးဆောင်ပါဝင်ပတ်သက်လျက်ရှိပြီး လေယာဉ်ဆီတစ်ပီပါစျေးနှုန်းမှာလည်း သူခိုး လက်ခံစျေးကွက်တွင် စျေးကောင်းလာကြောင်း သိရှိရသည်။

“လေယာဥ်ဆီတစ်ပေပါကို ၅၅၀၀၀၀ပေါက်နေတယ်။ အရင်က ၃၅၀၀၀၀ဆို ထန်ကုန်ပဲ။ တစ်ခါတလေမှ အဲဒီစျေးရတာ။ ဒီကောင်တွေက လေယာဉ်ဆီနဲ့ ဝင်ငွေဖြောင့်နေတာ။လုပ်ငန်းရှင်တွေကလည်း ဝယ်တာပဲ”ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။

လေတပ်မှ ဆီခိုးရောင်းပေးနေသောတာဝန်ခံအရာရှိများအမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။




၁ လေ၂၈၅၀ ဒုတိယဗိုလ်မှူးကြီး ဝင်းမောင်မောင် ပုသိမ်လေတပ်စခန်းဌနချုပ် အမှတ်(၁၆၇)၊ ကန်တော်ရပ်၊ အမှတ်(၄)ရပ်ကွက်၊ ရေစကြိုမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။

၂ လေ၂၈၂၄ ဒုတိယဗိုလ်မှူးကြီး ဆန်းမင်းထွန်း မကွေးလေတပ်စခန်းဌာနချုပ် ကျောက်ထုမြို့၊ ဆောမြို့နယ်၊ မကွေးတိုင်းဒေသကြီး။

၃ လေ၃၂၇၇ ဗိုလ်မှူး အောင်မျိုးဝင်း တောင်ငူလေတပ်စခန်းဌာနချုပ် မြဝတီရပ်ကွက်၊ တောင်ပိုင်း၊ နယ်မြေ(၇)၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။

၄ လေ၂၈၂၆ ဒုတိယဗိုလ်မှူးကြီး နေလင်းထွဋ် နမ့်စန်လေတပ်စခန်းဌာနချုပ် အမှတ် (၄၉)၊အနော်ရထာလမ်း (၆)ရပ်ကွက်၊ဥဿမြို့နယ်၊ပဲခူးမြို့ပဲခူးတိုင်းဒေသကြီး

၅ လေ၂၈၂၇ ဒုတိယဗိုလ်မှူးကြီး ပြည့်ဖြိုးကျော် လထခ မင်္ဂလာဒုံ ကျောင်းလမ်း၊ ဗိုလ်ချုပ်ရပ်ကွက်၊ ထန်းတပင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။

၆ လေ၂၄၆၇ ဒုတိယဗိုလ်မှူးကြီး ရဲဝင်း လေတပ်စခန်း(နေပြည်တော်) အောင်မင်္ဂလာရပ်ကွက်၊ မကွေးမြို့၊ မကွေးတိုင်းဒေသကြီး။

၇ လေ၂၃၅၉ ဒုတိယဗိုလ်မှူးကြီး ကျော်မင်းထိုက် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် အမှတ်(၉၆)၊ (၂)လမ်း၊ နဝင်းတိုးချဲ့ပြည်သာယာရပ်ကွက်၊ပြည်မြို့၊ ပဲခူးတိုင်းဒေသကြီး။

၈ လေ၂၃၇၂ ဒုတိယဗိုလ်မှူးကြီး မြတ်သူအောင် လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ် အမှတ်(၅၉)၊ ဗိုလ်ဗထူးလမ်း၊ အမှတ်(၅)ရပ်ကွက်၊ မြောင်းမြမြို့၊ ဧရာဝတီတိုင်းဒေသကြီး။

၉ လေ၂၉၂၈ ဗိုလ်မှူး ကျော်ဆန်းဇင် မြေပြင်အတတ်သင်လေတပ်စခန်း အမှတ်(၅၁)၊ (၁၀)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article