30 C
Yangon

လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်လာသူ CDM ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်တစ်ဦး အပါအဝင် CDM စစ်သား ၁၈ ဦးကို ဂုဏ်ပြုဆုငွေကျပ် ၃၄၄ သိန်း NUG ချီးမြှင့်

Must read

ရန်ကုန်၊ ဇွန် ၂၈

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လက်နက် နှင့် တကွ ပြည့်သူ့ရင်ခွင်ဝင်ရောက်လာသူများကို ပြည်သူ့သူရဲကောင်းအဖြစ် သတ် မှတ်ထားပြီး CDM ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်တစ်ဦး အပါအဝင် CDM စစ်သား ၁၈ ဦးကို ဂုဏ်ပြုဆုငွေ သိန်းပေါင်း ၃၄၄ သိန်း NUG ချီးမြှင့်ကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်သည်။

CDM ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့်ဗိုလ်တစ်ဦးအပါအဝင် လက်နက်နှင့် တကွပြည်သူ့ရင်ခွင်ဝင်ရောက်လာသူ (၁၈)ဦး ကို ၄င်းတို့ ယူဆောင်လာခဲ့သော လက်နက်၊ခဲယမ်း၊ချပ်ဝတ်တန်ဆာ အမျိုးအစားများပေါ်မူတည်ပြီး ကျပ်ငွေ သိန်းပေါင်း သုံးရာလေးဆယ့်လေးသိန်းတိတိ ချီးမြှင့်ခဲ့ကြောင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လက်နက်နှင့် တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်လာသူများကို ဥပဒေများဖြင့် အကာအကွယ် ပေးသွား မည်ဖြစ်ပြီး ဂုဏ်ပြုဆုငွေများဆက်လက်ချီးမြှင့်သွားရန်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ပြည်သူ့ဘက်သို့ ပြောင်းရွှေ့ ခိုလှုံလာသူ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း NUG ၏ အချက်အလက်များအရ သိရှိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article