37 C
Yangon

မင်းတပ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်၏ ရမ်းသမ်း ပစ်ခတ်မှု‌ကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် လက်နက်ကြီးထိ၍ သေဆုံး၊ သေဆုံးသူ ကလေး ၏ ညီနှင့်မိခင်မှာလည်း စစ်တပ်၏လက်နက်ကြီးကျည်ထိ၍ အပြင်း အထန်ဒဏ်ရာရရှိခဲ့

Must read

ရန်ကုန်၊ ဇွန် ၂၉

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း အကြမ်းဖက်စစ် ကောင် စီ တပ်များနှင့် CDF မင်းတပ်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်တပ် ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦး လက်နက်ကြီးကျည်ထိ၍ သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မင်းတပ် မြို့နယ် တိုက်နယ်အမှတ် ၄ မဒပ်ရွာအတွင်းသို့ မင်းတပ် မြို့ အမှတ် ၂၇၄ အခြေစိုက်တပ်ရင်းက ယနေ့ နံနက်ပိုင်း လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ် ရာ မဒပ်ရွာမှ အသက် ၁၂ နှစ်အရွယ် ကလေးငယ် လက်နက်ကြီးကျည် ထိမှန်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အသက် ၁၂ နှစ်အရွယ်ကလေးငယ် မဒပ်ရွာ ထဲမှာ ကျည်ထိပြီး သေဆုံးပါတယ်။ အဲဒီသေဆုံးသွားတဲ့ ကလေးရဲ့ မိခင်နဲ့ အသက် ၁၀ နှစ်အရွယ် ညီလေးက ဇွန်လ ၂၃ ရက်နေ့မှာ စစ်တပ်က ရမ်းသမ်း ပစ်ခတ်လို့ လက်နက်ကြီးကျည်ထိ ဒဏ်ရာရရှိထားသူတွေပါ။ဇွန်လ ၂၃ ရက်နေ့ မှာလည်း စစ်တပ်က မဒပ်ရွာကို ရမ်းသမ်းပစ်ခတ်လို့ မိခင်က ဦးခေါင်းဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်။ သူရဲ့ညီလေးက ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့တယ်။ ဒီနေ့ သားအမိ ၃ ဦးစလုံးက စစ်တပ်ရဲ့ လက်နက်ကြီးကျည်ထိလို့ သေသူသေ၊ ဒဏ်ရာ ရသူရ ဖြစ်နေတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီ၏ မင်းတပ် မြို့ ၂၇၄ အခြေစိုက်တပ်ရင်းသည် မကြာခဏဆိုသလို မဒပ်ရွာဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်လေ့ရှိသဖြင့် နေအိမ် များ ပျက်စီးခြင်း။ ပြည်သူများ သေဆုံးဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ် လျက် ရှိနေသည်။

ထို့ပြင် ယနေ့ နံနက် ၉နာရီအချိန် မကွေးတိုင်း၊ ထီးလင်းမြို့နယ်ဘက်မှ မကွေး တိုင်း၊ မင်းတပ်ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်များကို ပလုမ်တွီ ဘက် ကင်းစောင့်လျက်ရှိသည့် CDF-Mindat များက တိုက်ခိုက်ရာ ယခုချိန်ထိ တိုက်ပွဲဖြစ်ပွားလျက်ရှိနေကြောင်း CDF မင်းတပ်က သတင်းထုတ် ပြန်ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article