37 C
Yangon

မြန်အောင်နှင့် ပင်းတယတွင် ရဲနှင့်စစ်သားများ ပစ်ခတ်ခံရပြီး စစ်သား ၁ ဦး သေဆုံး၊ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ကျည်ထိမှန်

Must read

ရန်ကုန်၊ ဇွန် ၂၉

ဧရာ၀တီတိုင်း၊ မြန်အောင်မြို့နယ်တွင် ရဲများ ပစ်ခတ်ခံရပြီး ရှမ်းပြည်နယ်၊ ပင်းတယတွင်လည်း စစ်တပ်ဂိတ်တစ်ခု ပစ်ခတ်ခံရကာ စစ်သား ၁ ဦ သေဆုံး သွားကြောင်း၊ စစ်တပ်က ရမ်းသမ်းပစ်ခတ်သဖြင့် ပြည်သူ ၃ ဦးကျည်ထိ မှန်ဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်များနှင့် ဒေသခံများထံမှ သိရှိရသည်။

ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် Red Dragon Revolution Force (နဂါးနီတော်လှန်ရေးတပ်ဖွဲ့)က မြန်အောင်မြို့နယ်၊ကနောင်မြို့၊အမှတ် (၂) ရပ်ကွက် လမ်းမပေါ်တွင် ရဲတစ်ဦး တွေ့ရှိသဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း၊ နှစ်ချက်ပစ်ခတ်အပြီး အဆိုပါ ရဲမှာ ဒဏ်ရာရ၍ ရပ်ကွက်လမ်းကြား အတွင်းထွက်ပြေးသွားကြောင်း သိရှိရသည်။

ထို့ပြင်ကနောင်ရဲစခန်းရှေ့တည့်တည့်တာပေါ်တွင် ရဲစခန်းကင်းစောင့် ရဲတစ်ဦး စာအုပ်ဖတ်နေသည်ကို မြင်ရသဖြင့် လက်ပစ်ပုံးဖြင့် ပစ်ခတ်တိုက်ရန် ကြိုးပမ်း နေစဉ် တာပေါ်မှ အမျိုးသမီးပြည်သူတစ်ဦး၏ အော်သံကြောင့် ကင်းစောင့် ရဲက သိသွားပြီး ရဲများက ဝိုင်းဝန်းပစ်ခတ်ကြသဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွား ကြောင်း၊ လူ၊လက်နက်အင်အားမမျှသဖြင့် ရဲများးဝိုင်းဝန်း ပစ်ခတ် နေသည့်ကြားမှထိခိုက်ဒဏ်ရာမရရှိဘဲ အောင်မြင်စွာဆုတ်ခွါနိုင်ခဲ့ကြောင်း၊ ယနေ့တိုက်ခိုက်မှုများတွင် ရဲများထိခိုက်ဒဏ်ရာရရှိသေဆုံးမှုရှိနိုင်ကြောင်း Red Dragon Revolution Force (နဂါးနီတော်လှန်ရေးတပ်ဖွဲ့)က သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ မြောက်ဘက် မြို့အထွက် မြောက် ကျောင်းကြီး ရဲကင်းကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် အမည်မသိ သေ နတ် သမားတချို့က ပစ်ခတ်သဖြင့် ရဲကင်းရှိ စစ််သားတစ်ဦး သေဆုံးပြီး တစ်ဦး မှာ ပြင်းထန်ဒဏ်ရာနှင့် ကားပေါ်တင်သွားကြောင်း ဒေသခံ များနှင့် ဒေသ သတင်း ရင်းမြစ် Voice of Pindaya ထံမှ သိရှိရသည်။

ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် ပင်းတယမြို့နယ်၊ လယ်ပြင်ရွာမှ ရွာ သား တစ်ဦးကို ရဲကင်း ပစ်ခတ်သဖြင့် ရွာသားတစ်ဦး ဒဏ်ရာရရှိကြောင်း၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး ပြည်သူ ၃ ဦး ကျည်ထိမှန်ခဲ့ကြောင်း သိရှိရသည်။

“ပင်းတယ မြို့အဝင်ဂိတ်မှာ ဒီမနက် ၁၀ နာရီလောက်မှာ ပစ်ခတ်မှုဖြစ်တာ။ ခွေးတစ်ကောင်သေတယ်။ တစ်ကောင် ဒဏ်ရာရတယ်။ ပစ်ခတ်မှုမဖြစ်ခင်က ခွေးတွေ ရမ်းပစ်လို့ လယ်ပြင်ရွာနားမှာ ပြည်သူ ၃ ဦးထိခိုက် ဒဏ်ရာ ရတာ ရှိတယ်။ သေတဲ့စစ်သားနာမည်တော့ မသိဘူး” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article