39 C
Yangon

Breaking News- ဥကရစ်ထစခန်းအနီးကို ဗုံးကျဲပြန်လာသော စစ်ကောင်စီ၏ YAK 130 တိုက် လေယာဉ် ၁ စင်း အင်ဂျင်ထဲ ငှက်ဝင်၍ သုံးမရသည်အထိ ပျက် စီးသွား

Must read

ရန်ကုန်၊ ဇွန် ၂၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ စစ်ကောင်စီ၏ ဥကရစ်ထစခန်းကို KNDO နှင့် PDF ပူးပေါင်း တပ်များက သိမ်းပိုက် နိုင်ရေး တိုက်ခိုက်လျက်ရှိပြီး ယင်းတိုက် ခိုက် မှုများကို စစ်တပ်က တိုက်လေယာဉ်များဖြင့် အသုံးပြု၍ ခုခံလျက် ရှိရာမှ ယနေ့ နံနက်ပိုင်း စစ်ကောင်စီ၏ YAK-130 တိုက်လေယာဉ်တစ်စင်း ဗုံးကျဲ ပြီး အပြန် အင်ဂျင်ထဲ ငှက်ဝင်၍ သုံးမရသည်အထိ ပျက်စီးသွား ကြောင်း လေတပ် သတင်း ရင်းမြစ် Operation Spitfire က ပြောသည်။

ဇွန်လ ၂၆ ရက် နေ့မှစတင်ပြီး ဥကရစ်ထ စစ်ကောင်စီ၏ တပ်စခန်း ကို တပ် ရင်း မှူး ဒုတိယ ဗိုလ်မှူးကြီးစောစလုံး ဦးဆောင်သော KNDO အထူး ကွန် မန်ဒို တပ်ရင်း၊ ဗိုလ်မှူးစောဝင်းမြင့် အထူးစစ်ကြောင်း (Venom)နှင့် ဗိုလ်ဒါ ဘော့ ဦးဆောင်သော KNLA Cobra စစ်ကြောင်းတို့က တိုက်ခိုက် နေခြင်း ဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူဖြင့် အပြင်းအထန် ခုခံနေ ခြင်းဖြစ်သည်။

ယနေ့နံနက်ပိုင်း ဥကရစ်ထ စခန်းအနီးကို ဗုံးကျဲတိုက်ခိုက်ရန်သွားခဲ့သည့် စစ်ကောင် စီတပ်၏ YAK 130 တိုက်လေယာဉ်သည် အင်ဂျင်ထဲသို့ ငှက်ဝင် သဖြင့် မှော်ဘီလေတပ်သို့ ပြန်လည် မောင်းနှင်ပြီး ဆင်းသက်ခဲ့ရကြောင်း ၊ လက်ရှိ တွင် အဆိုပါတိုက်လေယာဉ်သည် အင်ဂျင် ပျက်စီးသွားပြီး ပြန်လည် အသုံးပြု မရတော့ကြောင်း၊ မှော်ဘီလေတပ် တွင် YAK-130 ၆ စီးရှိရာ ၁ စီး ပျက်စီးသွား၍ ၅ စီးသာကျန်ရှိတော့သည်ဟု သိရှိရသည်။

“ဥကရစ်ထ စခန်းနားကို ဗုံးကျဲပြီးပြန်လာတဲ့ YAK- 130 တိုက်လေယာဉ်က အင်ဂျင် ထဲ ငှက်ဝင်သွားတယ်။ အဆင်းမှာ ဖြစ်တာ။ မှော်ဘီလေတပ်ကို လေ ယာဉ်က ပြန်ဆင်းလိုက်နိုင်တယ်။ ဒါပေမယ့် တိုက်လေယာဉ်က ပြန်သုံး လို့ မရသေးဘူး။ မနေ့ကလည်း ည၁၂ နာရီထိ တိုက်လေယာဉ် နဲ့ အဲဒီဘက်ကို ဗုံးကျဲ ဖို့ သူတို့လုပ်ထားတာ ရာသီဥတုမကောင်းတော့ ပြန်လှည့် သွားတာ။ မှော်ဘီ လေတပ်မှာက YAK-130 ၆ စီးထားတာမှာ လောလောဆယ် ၁ စီး ကြွ​ သွားပြီ” ဟု Operation Spitfire က ဆိုသည်။

YAK- 130 တိုက်လေယာဉ်များသည် ရုရှားထုတ်ဖြစ်ပြီး တစ်စီးလျှင် အမေရိ ကန် ဒေါ်လာ ၁၅ သန်း စျေးပေါက်ကြောင်း၊ မြန်မာနိုင်ငံတွင် YAK 130 တိုက် လေယာဉ် ၁၈ စီးရှိကြောင်း သိရှိရသည်။

YAK- 130 တိုက်လေယာဉ်များကို လက်ရှိ တိုင်းရင်းသားဒေသများကို ဗုံးကျဲ တိုက် ခိုက်ရာတွင် အကြမ်းဖက် စစ်ကောင်စီက အသုံးပြုလျက်ရှိကြောင်း၊ YAK 130 တိုက်လေယာဉ်များကို အကြမ်းဖက် မင်းအောင်လှိုင်လက်ထက်တွင် ရုရှား ထံမှ မှာယူရန် ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် တွင် ပထမ ၃ စီးရောက် ရှိလာ‌ ကြောင်း၊ ယင်းနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အထိ ဝယ်ယူထားသော YAK 130 လေယာဉ် ၁၈ စီး ရောက်ရှိခဲ့ကြောင်း သိရှိ ရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ YAK 130 တိုက်လေယာဉ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article