36 C
Yangon

ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံးပြီး KNDF ဘက်မှ ၁၁ ဦးကျဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၆

ကရင်နီပြည်နယ်နှင့်ရှမ်းပြည်နယ်အစပ်၊ ဖယ်ခုံတွင် ဇူလိုင်လ ၄ ရက်နေ့ ဖြစ် ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံးပြီးKNDF တပ်ပေါင်း စုများဘက်မှ ၁၁ ဦးကျဆုံးကြောင်း KNDF က တရားဝင် သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၄ ရက်နေ့၊ နံနက် ၅ နာရီအချိန်၌ ဖယ်ခုံမြို့နယ် ကုန်းဆုံနှင့် လွယ်ပတာကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ လွယ်ပသာ ကုန်းစခန်းနှင့် ရွှေပြည်အေးအနီးရှိ ကုန်းစခန်းများကို ကရင်နီတပ်မတော် (KA)၊ KNDF PDF (Phekhon)၊ SSRY အဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ကာ၊ အကြမ်းဖက်စစ်ကာင်စီ၏ လွယ်ပတာ စခန်းကို သိမ်းပိုက်ရရှိလုနီးပါးဖြစ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြစ် အဆမတန် အသုံးပြုတိုက်ခိုက်ခဲ့ခြင်း၊ သာလွန်စစ်ကူအင်အားတို့ဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် ပူးပေါင်းတပ်များမှ နေ့လည်ပိုင်းတွင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ် ဘက်မှ (၄၀) ဦးကျော် သေဆုံးခဲ့ပြီး ထိခိုက်မှုများပြားခဲ့ကြောင်း၊ ပူပေါင်းတပ်ဘက်မှ ရဲဘော် (၁၁) ဦးကျဆုံးခဲ့ရကြောင်း KNDF က တရားဝင် သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article