34 C
Yangon

ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် ပြည်နှင့်သရက်တို့တွင် စစ်သင်္ဘောများ ဖြတ်သန်းသွားလာ

Must read

ရန်ကုန်၊ ဇူလိုင် ၁

ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် ပြည်မြို့နှင့်သရက်မြို့တို့အနီးတွင် စစ်သင်္ဘောများ ဖြတ်သန်းသွားလာခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။

ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ပဲခူးတိုင်း ပြည်မြို့ ကမ်းနားလမ်းတွင် စစ်ရေယာဉ် ၂ စီး လက်နက်အပြည့်အစုံဖြင့် ကမ်းကပ်ခေတ္တရပ်နားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ပြည်မြို့ ကမ်းနားလမ်းမှာ မနေ့ နေ့လယ် ၁ နာရီလောက်က စစ်ရေယာဥ်နှစ်စီး ကပ်လာတယ်။ ခဏပဲ ကပ်တာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းနောက် ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၈ မိနစ်အချိန် မကွေးတိုင်း၊ သရက်မြို့အနီးမှလည်း စစ်ရေယာဉ် ၂ စီး အထက်သို့ ဆန်တက်သွားကြောင်း ဒေသခံများက ပြောသည်။

“မနေ့ ညနေ ၃ နာရီ ၂၈ မိနစ်အချိန် သရက်မြို့ ဧရာဝတီ မြစ်ကြောင်းကနေ စစ်သင်္ဘော၂စီး အထက်ကိုဆန်တက်သွားတယ်။ မြစ်ကြောင်းထဲမှာ သွားတဲ့ စစ်သင်္ဘော အမျိုးစားပဲ။ သင်္ဘောက သွားတာမြန်တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article