38 C
Yangon

ဖယ်ခုံတွင် ယနေ့ နံနက်ပိုင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး အဖွဲ့နှင့် Fighter အဖွဲ့က စနိုက်ပါ ဖြင့် ပစ်ခတ်မှု စစ်သား ၇ ဦးသေဆုံး၊ ယခင်ရက်များတွင်လည်း စနိုက်ပါဖြင့်ပစ်ခတ်ခဲ့မှု စစ်သား ၇ ဦးသေဆုံးခဲ့

Must read

ရန်ကုန်၊ ဇူလိုင် ၁

ကရင်နီပြည်နယ်နှင့်ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ် လွယ်မကူးရွာ‌တောင် နှင့်လွယ်ဟယ်ရွာတို့တွင်တပ်စွဲထားသော စစ်တပ်ကို ယနေ့ နံနက်ပိုင်း အလယ် ပိုင်းတိုင်းအထူးစစ်ဆင်ရေး Sniper အဖွဲ့နှင့် Fighter အဖွဲ့တို့က စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်သား ၇ ဦး သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးက သတင်းထုတ်ပြန်သည်။

ထို့ပြင် ဇွန်လ ၂၃ ရက်နေ့ ဖယ်ခုံမြို့နယ် ၊ လွယ်မကူးတောင်ကုန်းပေါ်တွင်တပ်စွဲထားသော စစ်တပ်ကို အထူးစစ်ဆငရေးအဖွဲ့၊Sniper အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးကြောင်း၊ ဇွန်လ ၂၉ ရက်နေ့ တွင်လည်း ဖယ်ခုံမြို့နယ် ၊ လွယ်ဟယ်ရွာတွင် စစ်တပ်ကို အထူးစစ်ဆင်ရေး Sniper အဖွဲ့နှင့်Fighter အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article