30 C
Yangon

လှည်းတန်းစျေးသည်များ၏ ပစ္စည်းဥစ္စာ များကို စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းအပေါ်ရန်ကုန်တော်လှန်လူငယ်များဆန့်ကျင်ဆန္ဒပြ

Must read

ရန်ကုန်၊ ဇူလိုင် ၁ 

ရန်သူစစ်တပ်၏ နေ့စဥ်ရက်ဆက် ဆိုးရွားလွန်းလှသော တရားမဲ့လုပ်ရပ်များကို လုံးဝသည်းမခံနိုင်တော့သော ရန်ကုန်မြို့ရှိ လူငယ်များ စုပေါင်း၍ “သူပုန် တွေလာပြီဟေ့” စာတန်းပါ ဘန်နာအား ကိုင်စွဲကာ အကြမ်းမဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြသည်။ 

ယမန်​နေ့ညမှ လှည်းတန်း​စျေးတွင် ဖြစ်ပွားခဲ့​သော စစ်တပ်၏ အကြမ်းဖက်မှုအ​ပေါ် ​ပြည်သူလူထုများအ​နေဖြင့်တုန်လှုပ်​နေမည်မဟုတ်​ကြောင်း ၊ ​တော်လှန်လူငယ်များအ​နေဖြင့်လည်း ​ကြောက်ရွံ့ခြင်းမရှိ ဆက်လက်​တော်လှန်​နေမည်​ဖြစ်​ကြောင်းကို ရဲရဲဝံ့ဝံ့ ထုတ်​ဖော်ပြသကြသည် ။ 

ထိုဆန္ဒပြပွဲမှတဆင့်ပြည်သူလူထုအား မတရားသည့် ခေတ်တွင် သူပုန်ဖြစ်ရခြင်းသည် ဂုဏ်သိက္ခာရှိကြောင်း၊ယခုအချိန်မှစ၍ မိမိတို့လူငယ်များမှ ကိုယ့်ကိုယ်ကိုယ် သူပုန်ဟု ကင်ပွန်းတပ် တံဆိပ်ခတ်ကာ ရန်သူစစ်တပ်အားပြောင်ပြောင်တင်းတင်း တော်လှန်ပုန်ကန်သွားတော့ မည်ဖြစ်ကြောင်း တပ်လှန့်လိုက်ပါသည်။ 

အဆိုပါ ဆန္ဒပြပွဲအား ဗမာ့လူငယ်ကွန်ရက်(ဗလက)မှ ဦးဆောင်၍ အခြေခံ ပညာကျောင်းသားလူငယ်များအစည်းအရုံး(အ.က.လ-ဗဟို)၊ ရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ LGBT Community Yangon နှင့်တော်လှန်လူငယ်များမှ ပူးပေါင်းကာ(Youth Scout For Democray-YSD) ၏ Scout အကူအညီဖြင့်အင်တိုက်အားတိုက် ချီတက်ခဲ့ခြင်းဖြစ်သည်။

Photo- Assistance Association for Myanmar-based Independent Journalists ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article