30 C
Yangon

ကျိုက်ထို၊ အင်္ဂဘိုကျေးရွာအနီးတွင် စစ်ကောင်စီယာဉ် ၂ စီးကို KNLA ပူးပေါင်းတပ်ဖွဲ့ကြားဖြတ်တိုက်ခိုက်၊ ကား ၂ စီး မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ ဇူလိုင် ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ ဆီအုန်းအမှတ် ၂၊ လေးဒေါင့်ကန်အနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် လောင်စာဆီတင်ယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့၊ သထုံခရိုင် PDF တပ်ရင်း ၃ အဖွဲ့တို့က ယနေ့ ဇူလိုင်လ ၂ ရက် နံနက် ၈ နာရီ ၄၉ မိနစ်ဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက်ရာ ကား ၂ စီး မီးလောင်ပျက်စီးသွားကြောင်း သထုံခရိုင် PDF တပ်ရင်း ၃ က သတင်းထုတ်ပြန်သည်။

“ဒီနေ့မနက် ကျိုက်ထို၊ အင်္ဂဘိုမှာ ၅ စီးပါ ခွေးယာဥ်တန်းကို မိုင်းဆွဲလိုက်တယ်၊ ကျဆုံးထိခိုက်မသိရသေး ဒုတိယကားမှာ စက်လက်တွေတင်လာပြီးနောက်ဆုံးကားမှာ ဆီပေပါတွေ ပါတယ်” ဟု KNLA တပ်မဟာ ၁ သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ လက်နက်ခဲယမ်း၊ လောင်စာဆီတင်ယာဉ်တန်းသည် ယခုလက်ရှိ တိုက်ပွဲများဖြစ်ပွားနေသည့် KNU တပ်မဟာ ၆ နယ်မြေရှိ ဥကရစ်ထခြေကုတ်စခန်းကို ပို့ဆောင်မည့် ယာဉ်တန်းဖြစ်ကြောင်း သထုံခရိုင် PDF တပ်ရင်း ၃ က ဆိုသည်။

တိုက်ခိုက်မှုတွင် ကား ၂ စီး မီးလောင်ပျက်စီးခဲ့ပြီး စစ်သား ထိခိုက်သေဆုံးစာရင်းကို မသိရှိရသေးကြောင်း၊ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ရာ အနီးဝန်းကျင်သို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှု မရှိကြောင်း ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – စစ်ကောင်စီယာဉ်တန်းကို သထုံခရိုင် PDF တပ်ရင်း ၃ အဖွဲ့က ဇွန်လ ၁၄ ရက်တွင် တိုက်ခိုက်ခဲ့စဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article