38 C
Yangon

ဂန့်ဂေါတွင် စျေးထွက်ဝယ်သည့် ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေ ၊ ပေါက်မြို့ နယ်တွင် ရွာမီးရှို့ခဲ့သည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၇ ဦးသေဆုံး၊ ရဲနှင့်ပျူစောထီးလိုက်ပါသော ကား မိုင်းဆွဲခံရပြီး သေဆုံးမှုများနိုင်

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စျေးဝယ်ထွက်သည့် ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိကြောင်း PDF-GANGAW-တောင်ပိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၂နာရီခွဲအချိန် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းမှ စျေးဝယ်ထွက်လာသော ရဲတပ်ဖွဲ့ဝင် ၃ ဦးကို PDF-GANGAW-တောင်ပိုင်း ရဲဘော်များက ချောင်းမြောင်းပစ်ခတ်ခဲ့ရာ ရဲ ၂ ဦး သေဆုံးကြောင်း၊

ရဲ ၁ ဦးမှာ နံကြားသို့သေနတ်မှန်ဒဏ်ရာဖြင့်ထွက်ပြေးသွားကြောင်း၊ ရဲစခန်းအတွင်းမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း PDF-GANGAW-တောင်ပိုင်းရဲဘော်များမှာ ထိခိုက်မှုမရှိပဲအောင်မြင်စွာပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် ကျားပစ်ကန်ရွာကို မီးရှို့ပြီး တောင်မြင့်ရွာသို့ ဆုတ်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီဝင်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့ကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့များက ဇူလိုင်လ ၂၈ ရက်နေ့တွင် တိုက် ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၇ သေဆုံး၍ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Black Eagle Defense Force-MMU (မြင်းမူလင်းယုန်နက် ကာ ကွယ်ရေးအဖွဲ)မှ သတင်းထုတ်ပြန်သည်။

ယင်းနေ့တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး နံနက် ၉ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ နေ့လယ်၁၁ နာရီခွဲမှ ညနေ ၅ နာရီအထိ တစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ညနေ ၄ နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ခေါင်းဆောင်တစ်ဦးကျဆုံးပြီး အထိနာနေသည့် စစ်ကောင်စီစစ် ကြောင်းသည် လေယာဉ်ပစ်ကူခေါ်ခဲ့ကြောင်း၊ ညနေ ၅ နာရီအထိ နာရီဝက်ကြာလေယာဉ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်အင်အား မမျှတမှု ၊ ကျည်မလုံလောက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုဘက်မှ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း Black Eagle Defense Force-MMU (မြင်းမူလင်းယုန်နက်ကာကွယ်ရေးအဖွဲ)၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Defense Force-MMU (မြင်းမူလင်းယုန်နက်ကာကွယ်ရေးအဖွဲ)နှင့် အတူ ပေါက်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ – SPGF၊ PDF Pauk တပ်ရင်း- ၄ ၊ PDF Pauk တပ်ရင်း – ၆ ၊ Pauk Revolution Front – PRF ၊ Knight Commander PDF ၊ King Fighter – SGF ၊ Young Revolution Front – YRF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ။

ထို့ပြင် စစ်ကိုင်းမြိုနယ် အမှတ်(၃)ရဲသင်တန်းကျောင်းမှ မုံရွာဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင် စီဝင် ရဲနှင့် ပျူစောထီးများ စီးနင်းလာသည့် ကားတစ်စီးကို ယနေ့ ဇူလိုင် ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပဒေသာ-မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ဘိုးမင်းကြီးကင်း ကျေးရွာနှင့် ဂွေးပင်တောကျေးရွာအကြား နံနက် ၉ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် အဆိုပါ ကားကိုပင် မိုင်း သုံးလုံး၊ တစ်ဖက်ပွင့်ပြောင်း ငါးလုံးတိုဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ဂွေးပင်တောကျေးရွာအရှေ့ဘက်အရောက်တွင် ပဒေသာ မိုင်း ၃ လုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုတွင် ကားအလယ်တည့်တည့်ကို ထိမှန်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းဆဲဖြစ်ကြောင်း ၊ တော်လှန်ရေးရဲဘော်များ ထိခိုက်မှု မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြင်းမူမြို Black Eagle Defense Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ) က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို Black Eagle Defense Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ) မှ ဦးဆောင်၍ People’s Defense Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ)၊ မြောင်မြိုနယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ- CDSOM၊ စသည့် ညီနောင် မဟာမိတ်( ၅ )ဖွဲ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article