30.5 C
Yangon

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ၃၄ နှစ်ပြည့်သည့် ယနေ့ ည ၈ နာရီတွင် စစ်မိစ္ဆာများကို မောင်းထုတ်ရေး ပြည်သူအားလုံး သံပုံးတီးကြရန် နှိုးဆော်ထား

Must read

ရန်ကုန်၊ ဩဂုတ် ၈

အကြမ်းဖက်စစ်တပ်ကို တော်လှန်ဆန့်ကျင်ခဲ့ကြသည့် ရှစ်လေးလုံး လူထု အရေး တော်ပုံကြီး ၃၄ နှစ်ပြည့်သည့် ယနေ့ ည ၈ နာရီတွင် စစ်မိစ္ဆာများကို မောင်းထုတ်ရေး ပြည်သူအားလုံး သံပုံးတီးကြရန် နှိုးဆော်ထားသည်။

ရှစ်လေးလုံး ၃၄ နှစ်ပြည့်ဖြစ်သော ဩဂုတ်လ ၈ ရက်နေ့ ည ၈ နာရီအချိန်တွင် ပြည်သူများအားလုံး သံပုံးတီးခြင်းဖြင့် အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ကြရန် တော်လှန်ရေးအင်အားစုများက အောက်ပါအတိုင်း ကြေညာချက် ထုတ်ပြန် ထားသည်။

“ဩဂုတ်လ (၈) ရက်ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အထင်ကရ နေ့ရက်တစ်ခု ဖြစ်တဲ့ ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီး (၃၄) နှစ်ပြည့် နှစ်ပတ် လည် နေ့ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အခန်းကဏ္ဍက လေးနက် စွာ မှတ်တမ်းတင်ထားရမယ့် လူထုသမိုင်းမှတ်တိုင်ကြီးလည်း ဖြစ်ပါတယ်။ ဒီအရေးတော်ပုံကြီးအတွင်းမှာ လူထုတိုက်ပွဲအင်အားကြောင့် အာဏာရှင် သမ္မတဆိုး (၃) ယောက်ဆက်တိုက် ပြုတ်ကြတဲ့အထိ လှုပ်ရှားနိုင်ခဲ့ပြီး တစ်ပါတီ အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒီရှစ်လေးလုံးအရေးတော်ပုံကြီး (၃၄) နှစ်ပြည့်မြောက်တဲ့ အချိန်ကာလမှာ လည်း ပြည်သူလူထုဟာ သမိုင်းတကျော့ပြန်အနေနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ပွဲဝင်နေကြရပြန်ပါတယ်။

ယခု နွေဦးတော်လှန်ရေးကြီးမှာတော့ အာဏာရှင်စနစ်ပေါင်းစုံကို တွန်းလှန် ကြတဲ့နေရာမှာ အဆုံးသတ်တိုက်ပွဲအဖြစ် မှတ်ယူပြီး (၈၈) က မပြီးဆုံးသေးတဲ့ တိုက်ပွဲအလံတော်ကို ဆက်လက် သယ်ဆောင်နေကြခြင်း၊ လွှင့်ထူ နေကြ ခြင်းလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီသမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး (၃၄) နှစ်ပြည့် အခါ သမယမှာ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ (၈၈၈၈) အရေးတော်ပုံရဲ့ တိုက် ပွဲဝင် စိတ်ဓာတ်တွေကို ထုံမွှမ်းရယူ၊ လက်ဆင့်ကမ်း သယ်ဆောင်ပြီး စစ်အာ ဏာရှင်စနစ်ဆိုးကို အမြစ်ကနေ တွန်းလှန်လို့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် သစ်တစ်ရပ်ကို ပုံဖော်ထုဆစ်ကြဖို့၊ တော်လှန်ရေးမှာ ကဏ္ဍအသီးသီးကနေ အတူ ရုန်းကန် ဆောင်ရွက်ကြဖို့ အထူး တိုက်တွန်းနှိုးဆော်လိုပါတယ်ခင်ဗျား။

နိုင်ငံတကာအစိုးရများနှင့် အသိုင်းအဝိုင်းများအနေဖြင့်လည်း မြန်မာ ပြည် သူတစ်ရပ်လုံးရဲ့ ရန်သူ ဖက်ဆစ် အကြမ်းဖက်စစ်အုပ်စုကို ပတ်သက် ဆက်ဆံခြင်းမပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုများကို ထောက်ခံ ကူညီသွားခြင်းဖြင့် ပြည်သူ့ဆန္ဒကို အလေးထားကြောင်း ပြသပေးကြပါရန် အလေးအနက် နှိုးဆော်လိုက်ရပါတယ်။

ဒါကြောင့် ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ တော်လှန်စိတ်ကို နှလုံးသွင်းပြီး ပြည် သူလူထု တစ်ရပ်လုံးရဲ့ တော်လှန်ရေးလှုပ်ရှားမှုများအဖြစ် သံပုံးတီးခြင်း၊ လူထုလှုပ်ရှားမှုများ ဖော်ဆောင်ခြင်းဖြင့် ပါဝင်တော်လှန်ကြပါရန် ဆော်ဩ လိုက် ရပါတယ် ခင်ဗျား။”

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article