29.6 C
Yangon

ဒီပဲယင်းတွင် အိမ်ခြေ ၄ ထောင်ခန့်ရှိသော မူးကမ်းကြီးရွာကို စစ်တပ်က ဒုတိယ အကြိမ် မီးတင်ရှို့နေ

Must read

ရန်ကုန်၊ သြဂုတ် ၈

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် အိမ်ခြေ ၄ ထောင်ခန့် ရှိသော မူးကမ်းကြီး ရွာ ကို အကြမ်းဖက် စစ်တပ်က ယနေ့ သြဂုတ်လ ၈ ရက်နေ့ ညနေ ၄ နာရီခန့် တွင် ဒုတိယအကြိမ် မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မူးကမ်းကြီးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းချိန်တွင် စက်သေ နတ်များ၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ပြီး ကျေးရွာနေ ပြည်သူ များ ထိခိုက်မှု ရှိမရှိကို အတည်မပြု နိုင်သေးကြောင်း သိရသည်။

” စစ်ခွေးတွေ ရွာကို မီးရှို့နေပါပြီ အဝေးကမြင်နေရတယ်။ ဒေသခံ ပြည်သူတွေ ကတေည့ အကုန်ထွက်ပြေး နေရတယ်။ မီးမရှို့ခင် လက်နက်ကြီးသံ မိုင်းသံ စက်သေနတ်သံတွေကြားနေရတယ်။ ပြည်သူတွေ ထိခိုက်မှု ရှိမရှိတော့ အတည် မပြုနိုင်သေးဘူး။ ပျက်စီး ဆုံးရှုံးမှုလည်း မသိနိုင်သေးဘူး။ ခုလည်း မီးခိုးမြင်နေရဆဲ မီးအားကတော့ ပြင်းတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

မူးကမ်းကြီး ကျေးရွာသည် ဒီပဲယင်းမြို့နယ် အရှေ့ပိုင်းတွင် စည်ကားသော စံပြရွာကြီးဖြစ်ပြီး အကြမ်းဖက် စစ်တပ်မှ ပထမအကြိမ် ဝင်ရောက် စီးနင်း မီးရှို့ခဲ့စဥ်က နေအိမ် ၁၆၈ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာကို စစ်ကောင်စီတပ်က ဩဂုတ်လ ၈ ရက်နေ့ ညနေ ၃နာရီ၄၅မိနစ်အချိန်တွင်စတင်မီးရှို့ခြင်းဖြစ်‌ပြီး မီးရှို့နေသော စစ်တပ် စစ်ကြောင်းမှာ ဒီပဲယင်းမြို့နယ် အရှေ့တောင်ခြမ်း လက်လှုပ်ရွာမှ မူးကမ်း ကြီးရွာသို့ အဖွဲ့၄ ခု ခွဲဝင်လာသော စစ်ကြောင်းများဖြစ်ကြောင်း သိရှိရသည်။

“သူတို့စစ်ကြောင်းတွေ နံနက် ၁၁ နာရီလောက်ကတည်းက ရွာဘက်ဦးတည် လာပြီဆ်ိုတဲ့သတင်းရကတည်းက ရွာသားတွေကတော့ ကြိုတင်ရှောင် နေကြသူ တွေလည်းရှိတယ်။ အနီးကပ်မှ ရှောင်သူတွေလည်းရှိတယ်။ အခုလည်း ရွာကိုမီးရှို့နေတယ်။ ရွာထဲကနေ မီးခိုးတွေ ထွက်နေတာ အခုအဝေးက နေမြင်နေ ရတယ်။မြေပြင်မှာလည်းတိုက်ပွဲဖြစ်တာလည်းမကြားပါဘူး။ ဒါသက် သက် ပြည်သူကို ဒုက္ခရောက်အောင်လုပ်တာ” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

မူးကမ်းကြီးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာကို ကို ဇွန်လ ၁၄ ရက်နေ့တွင် ပထမ အကြိမ်အဖြစ် စစ်ကောင်စီတပ်က မီးရှို့ခဲ့သဖြင့် ဆူတပ်ရွာ အပါဝင် မူးကမ်း ကြီး ရွာမှ ပြည်သူပိုင် အိမ်ခြေ ၁၆၈ လုံး ဆုံးရှူံးခဲ့ရသည်။

ဓာတ်ပုံ- မူးကြမ်းကြီးကျေးရွာကို စစ်တပ်က ဇွန်လအတွင်း မီးရှိုနေ့စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article