29 C
Yangon

ရန်ကုန်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့နယ်အများစုတွင် ရေကြီးရေလျှံမှုများဖြစ်နေ

Must read

ရန်ကုန်၊ ဩဂုတ် ၁၇

ရန်ကုန်တိုင်းတွင် ဩဂုတ်လ ၁၇ ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် နံနက် ၃ နာရီဝန်းကျင်မှစတင်ပြီး မြို့နယ်အများစုတွင် ရေကြီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ ရန်ကုန်မြို့လယ်ခေါင်၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ အထက်တန်းပန်းဆိုးတန်း၊သာကေတ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ သင်္ဃန်းကျွန်း၊ လှိုင်သာယာ၊ ဗဟန်း၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ မရမ်းကုန်း အပါအဝင် မြို့နယ်အများစုတွင် ရေကြီးမှုများ ကြုံတွေ့နေရခြင်းဖြစ်ပြီး အထပ်မြင့်တိုက်တာများ၏ မြေညီထပ်များတွင် ရေများအလုံးအရင်းနှင့်ဝင်ရောက်လျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောဆိုကြသည်။

“မိုးက တစ်ညလုံးရွာတာ။ အခု အိမ်အောက်ထပ်ကို ရေမြှုပ်နေလို့ ငုတ်တုတ်လေးထိုင်နေရတယ်။ မနက် ၂ နာရီ ၄၅ လောက်ကြီး ရေတွေဝင်လာတာ။ တစ်ခါမှလည်း အဲဒီလောက်ကြီးမကြုံဖူးသေးဘူး။ အဲဒါ နီးစပ်ရာ သူငယ်ချင်းတွေကို လိုက်ပြီး ဖုန်းဆက်မေးကြည့်တော့ တစ်မြို့လုံးနီးပါး ရေမြှုပ်နေတယ်” ဟု သင်္ဃန်းကျွန်းတွင်နေထိုင်သူတစ်ဦးက ပြောသည်။

ဓာတ်ပုံ- ရန်ကုန်မြို့တော်တစ်ဝန်း ရေကြီးရေလျှံမှု ယနေ့ နံနက်အစောပိုင်း မြင်ကွင်းများဖြစ်သည်။

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article