38 C
Yangon

မြိုင်နှင့် ပခုက္ကူတို့တွင် စစ်တပ် တပ်စွဲထားသော နေရာ ၅ ခုနှင့် စစ်ကြောင်းများ တပြိုင်တည်း တိုက်ခိုက်ခံရပြီး စစ်သား ၇ ဦးထက်နည်း သေဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၁၈

မကွေးတိုင်း မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ သြဂုတ်လ ၁၈ ရက်နေ့တွင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ ဒရုန်းဖြင့်ပါ ဗုံးသီးချ ပစ်ခတ်တိုက်ခိုက်ခြင်းများ တပြိုင်တည်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြိုင် ပကဖ တပ်ဖွဲ့များထံမှ သိရသည်။

မြိုင်မြို့နယ် မြောက်ပိုင်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ဦးကြွေကျောင်းတွင် စခန်းချနေသော စစ်တပ်ကို ယနေ့ မွန်းလွဲ ၁၁ နာရီ ခန့်တွင် လက်နက်ကြီး ၄၀ ခန့်နှင့် လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

မြိုင်မြို့နယ် အနောက်ပိုင်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ယနေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

မြိုင်မြို့နယ် ဗဟင်းစခန်းကိုလည်း မြိုင် ပကဖ တပ်ရင်း-၁ နှင့် မြိုင်ကျေးရွာကာကွယ်ရေးအဖွဲများ ပူးပေါင်းကာ ယနေ့ ညနေ ၄ နာရီ ခန့်မှ စတင်ကာ ၆ နာရီခန့် အထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးထိခိုက်သေဆုံးမှု အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

မြိုင်မြို့နယ်ရှိ စီမံကိန်းရုံး၊ မြို့အထွက် အရှေ့ စစ်ဆေးရေးဂိတ်နှင့် မြိုင်မြို့ပေါ်ရှိ စကစ တပ်စွဲထားသော ဂိတ်တည်နေရာ ၂ ခုကို ယနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-မြိုင်၊ Royal Defence Force PKU၊ Middle Revolution Task Force-MRTF နှင့် Earthquake People’s Defence Force မှ မြေပြင်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဒရုန်းဖြင့် ဗုန်းကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

မြိုင်မြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်ဖွဲ့များကို ပေါက်မြို့နယ် ချိုင်စောက်ရွာနှင့် ဝန်တင်ရွာ အကြားတွင် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပေါက်ကျေးရွာ ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းကာ ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ရှင်းလင်းဆောင်တွင် တပ်ဆွဲထားပြီး ပြည်သူများထံမှ ငွေကြေးကောက်ခံနေသော အကြမ်းဖက် စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ ညနေ ၄ နာရီဝန်းကျင်ခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article