36 C
Yangon

ရန်ကုန်-အင်းစိန်လမ်းတွင် မင်းအောင်လှိုင်ပုံစံတူ တုတ်ထိုးရုပ်ကို လမ်းလယ်တွင် ချ ဆန္ဒပြသွား၍ စစ်တပ်က လမ်းပိတ်ထား

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

ရန်ကုန်-အင်းစိန်လမ်းမကြီး၊ အောင်သိဒ္ဓိလမ်း မီးပွိုင့်တွင် မင်းအောင်လှိုင်ပုံစံတူ တုတ်ထိုးရုပ်ကို စစ်အင်္ကျီဝတ်ပေးပြီး လမ်းလယ်တွင် ချ၍ ဆန္ဒပြပွဲဖြစ်ပွားသဖြင့် စစ်တပ်က လမ်းကို ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဖြစ်တာက ဒီမနက် ၁၁ ခွဲကျော်ကျော်လောက်ဖြစ်တာ။ မင်းအောင်လှိုင်ပုံနဲ့ တုတ်ထိုးရုပ်။ စစ်ဝတ်စစ်စား ဝတ်ပေးထားတယ်။ အခု အဲဒီနားကို လမ်းတွေပိတ်ထားတယ်။ အင်းစိန်လမ်းနဲ့ အောင်သိဒ္ဓိလမ်းမီးပွိုင့်မှာ။ စစ်တပ်က ဆန္ဒပြတဲ့သူလိုက်ရှာနေတယ်ထင်တယ်။ ကားတွေ ပြန်လှည့်ခိုင်းတယ်” ဟု ပြည်သူတစ်ဦးက ပြောသည်။

မရမ်းကုန်းမြို့နယ်၊ အောင်သိဒ္ဓိလမ်း ပတ်ဝန်းကျင်တွင် နေထိုင်သော ဒုသမ္မတဟောင်း၊ ဗိုလ်ချုပ်ဟောင်း သီဟသူရ တင်အောင်မြင့်ဦး အိမ်အနီး ဩဂုတ်လ ၁၇ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍ ကင်းပုန်းများချထားစဉ် ယနေ့ နံနက် ပိုင်း စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြမှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article