28 C
Yangon

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ “ငါတို့အားလုံးသွေးမအေးဖက်ဆစ်တော်လှန်ရေး” ကြွေးကြော်သံဖြင့် ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ သြဂုတ် ၂၁

မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ် ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် ” ထောင်တွင်းအကြမ်းဖက်မှု သတ်ဖြတ်မှု ဒို့လက်မခံ ပညာရေးနဲ့လူထုအသံ”၊ “ငါတို့အားလုံးသွေးမအေး ဖက်ဆစ်တော်လှန်ရေး” စာသားများကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

” စစ်ဖိနပ်အောက် လုံးဝအရှုံးမပေးဘဲ အသက်စွန့်ကာ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ ထောင်တွင်းရဲဘော်တွေရဲ့ ထောင်တွင်းတိုက်ပွဲတွေကို ဝန်းရံပေးကြဖို့ ၊ ထောင်တွင်းတိုက်ပွဲတွေနဲ့အတူ ရပ်တည်ပေးကြဖို့ အင်မတန်လိုအပ်ပါတယ်။ထောင်တွင်းမတရားအကြမ်းဖက်နေမှုတွေ ၊ သတ်ဖြတ်နေမှုတွေအပါအဝင် စစ်အုပ်စုရဲ့ မတရားမှုတွေကြောင့် အသက်အန္တရာယ်ပါ အထူးစိုးရိမ်နေရတဲ့ ထောင်တွင်းကရဲဘော်တွေအတွက် ကျွန်တော်တို့ပြည်သူတွေ အသံကျယ်ကျယ်ပိုထွက်ကြဖို့လိုပါတယ်။ကျွန်တော်တို့ပြည်သူတွေ သွေးအေးသွားလို့ လုံးဝမဖြစ်ပါဘူး။အကျဉ်းထောင်တွင်းက ရဲဘော်တွေအတွက် အကျယ်ထောင်ထဲက ပြည်သူတွေ ပိုမိုအားစိုက်ပြီး တိုက်ပွဲဝင်ပေးကြပါ။လက်နက်အားကိုးနဲ့ ထင်တိုင်းကျဲနေတဲ့ အကြမ်းဖက်စစ်အုပ်စု ၊ အာဏာရှင်စနစ်ဆိုးနဲ့ စစ်ဗျူရိုကရက်ယန္တရားအားလုံးကို အမြစ်ပြတ်ချေမှုန်းကြပါ။ ပေးဆပ်ခဲ့ကြရတဲ့ အသက်တွေနဲ့ဘဝတွေ ၊ ဆုံးရှုံးလိုက်ရတဲ့ အခွင့်အရေးတိုင်းအတွက် အာဏာရှင်စနစ်အမြစ်ပြတ်ကျရှုံးသည်အထိ ကျွန်တော်တို့အားလုံး ဆက်လက်ချီတက်တိုက်ပွဲဝင်ကြရမယ်။ကြောက်ရွံ့ခြင်းမှ ရုန်းထွက်ကြပါ။အဖိနှိပ်ခံလူထုလူတန်းစားအားလုံး စည်းလုံးမှုရှိရှိနဲ့ ပြိုင်တူတွန်းကြမှ ကျွန်တော်တို့အားလုံးမျှော်ရည်သော တော်လှန်ရေးပန်းတိုင်ဆီ အမြန်ဆုံး ရောက်ရှိပါလိမ့်မယ်” ဟု သပိတ် ဦးဆောင် ကော်မတီမှ ဟောပြောခဲ့သည်။

Photo – BEGSC-MYAING

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article