29 C
Yangon

ရေစကြိုတွင် စစ်ယာဉ်တန်းများ ၂ ကြိမ် မိုင်းခွဲခံရပြီး စစ်သား ၂၅ ဦးသေဆုံး၊ မြို့လယ်တွင် ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင်ထွန်းအောင်ကျော်နှင့်အဖွဲ့ဝင် ၅ ဦးထံမှ လက်နက် ၅ လက်ရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းများကို ဩဂုတ်လ ၂၉ ရက်နှင့် ၃၀ ရက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရကာ ကား ၂ စီး မီးလောင်ပျက်စီးသွားကြောင်း ရေစကြို PDF က သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၂၉ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၂ စီးနှင့် light truck ၃ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရေစကြိုမြို့အဝင် စိုက်ပျိုးရေးရုံးအနီး၌ မိုင်းခွဲတိုက်ခိုက်ရာ စစ်သုံးကား ၁ စီးနှင့် Light Truck ကား ၁ စီး တည့်တည့်ထိမှန်ပျက်စီးပြီး စစ်သား ၂၀ ဦးသေဆုံးကြောင်း သိရှိရသည်။

ဩဂုတ်လ ၃၀ ရက် နေ့လယ်တွင် အဆိုပါ စိုက်ပျိုးရေးရုံးအနီး၌ မိုင်းရှင်းလင်းရေးလုပ်နေသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း ရေစကြို PDF က ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုများကို ရေစကြို PDF၊ N-YSO ပြောက်ကျားတပ်၊ Myaing Rural Guerilla Force၊ Steel Hawk(သံမဏိသိန်းငှက်)PDF -Myaing Township တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် သြဂုတ်လ ၂၈ နေ့ နံနက် ၇ နာရီ ၃၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်၊ ဘောလုံးကွင်းပျံကျစျေးအနီးတွင် စျေးကောက်ကောက်ကာ ကင်းပတ်လာသော ပျူခေါင်းဆောင် ထွန်းအောင်ကျော် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို မြို့ပြစစ်ဆင်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ က ပစ်ခတ်ရာ ၅ ဦးလုံး သေဆုံးသွားကြောင်း၊ MA 4 (၁)လက်၊ MA 1 (၁)လက်၊ AK-47 (၁)လက်၊ ကာဘိုင် (၂)လက် နှင့်အတူ MA ကျည်ဘောက် (၅) ခု၊ ၄၀ မမ ဗုံးသီး (၄)လုံး၊ အီနာဂါ (၅)လုံး ၊ လက်ပစ်ဗုံးတစ်လုံး၊ ဖုန်း (၂) လုံးသိမ်းဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးကို Black Wolf People’s Defense Force (MDY)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ – ရေစကြို၊ ဒေါင်းညီနောင် PDF ၊ People’s Defense Force – Mandalay ၊ ဗိုလ်သမိုင်း၊ Black Wolf People’s Defense Force (MDY) ၊MDY-PDF ခရိုင်တပ်ရင်း(၃)၊တပ်ခွဲ(၃)တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- သေဆုံးသွားသော ပျူခေါင်းဆောင် ထွန်းအောင်ကျော် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထံမှ သိမ်းဆည်းရမိသည့် လက်နက် ၅ လက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article