33 C
Yangon

ချင်းပြည်နယ်၊ ဟားခါးမှ လမ်းဦးစီးဌာန Non CDM ခရိုင်အရာရှိများအပါအဝင် အမျိုးသား ၁၁ ဦး ဖမ်းဆီးခံရပြီး ဆောက်လုပ်ရေး ဧည့်ရိပ်သာ မီးလောင်ကျွမ်း

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ပြည်နယ်လမ်းဦးစီးဌာနဝင်းအတွင်းရှိ ဆောက် လုပ်ရေးဧည့်ရိပ်သာ ယနေ့ နံနက် အစောပိုင်း မီးလောင်ကျွမ်းသွားပြီး Non-CDM လမ်းဦးစီးဌာန အရာရှိများအပါအဝင် ဝန်ထမ်း အမျိုးသား ၁၁ ဦး ဖမ်းဆီးခံရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၂ နာရီခွဲအချိန် ချင်းပြည်နယ် ဟားခါးမြို့ ပြည်နယ်လမ်းဦးစီးဌာန ဝင်းအတွင်းရှိ ဧည့်ရိပ်သာ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ နံနက် ၄ နာရီခန့်တွင် မီးညွန့်ကျိုးသွားခဲ့ပြီး ဧည့်ရိပ်သာတွင် ခေတ္တ
နေထိုင်လျက်ရှိသော ဟားခါးခရိုင် လမ်းဦးစီးဌာနမှ AD-ဦးလင်းအောင်၊ AD-ဦးဉာဏ်ဟိန်းအောင်၊ စက်မှု AE-ဦးဝင်းမော်၊ အခြားဝန်ထမ်းများ၊ လုပ်သား(၈)ဦး စုစုပေါင်း ဌာနမှ အမျိုးသား ၁၁ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏သုံးသပ်ချက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဆောက်လုပ်ရေးဧည့်ရိပ်သာကို မီးရှို့ပြီး အရာရှိများနှင့်ဝန်ထမ်း အမျိုးသား ၁၁ ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ထားကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မြေပြင် အခြေ အနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဓာတ်ပုံ- ဟားခါး ဆောက်လုပ်ရေးဝန်ကြီးဌာန ဧည့်ရိပ်သာ မီးလောင်ကျွမ်းနေစဉ်။

Photo Credit- Zalen

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article