25 C
Yangon

ဆီဆိုင်မြို့နယ်၊ နောင်ဗိုကန်တော်လေးရွာသူကြီးကို စစ်ကောင်စီ လက် အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးထားပြီး ၁၀ ရက်ကျော်သည့်တိုင် ပြန်မလွှတ်သေး

Must read

ဆီဆိုင်မြို့နယ်၊ နောင်ဗိုကန်တော်လေးရွာသူကြီးကို စစ်ကောင်စီ လက် အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးထားပြီး ၁၀ ရက်ကျော်သည့်တိုင် ပြန်မလွှတ်သေး

ရန်ကုန်၊ မေ ၁၆

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ဗိုကန်တော်လေးကျေးရွာ၏ ရွာသူကြီးကို အကြမ်းဖက်စစ်တပ် လက် အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၁၀ ရက်ကျော်သည့်တိုင် ပြန်မလွှတ်ပေးသေးကြောင်း PLNA က သတင်းထုတ်ပြန်သည်။

မေလ ၂ ရက်နေ့ အကြမ်းဖက် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်မှ ဗိုလ်ကြီးလယ်အဖွဲ့က ဆီဆိုင်မြိံနယ် နောင်ဗိုကန်တော်လေးကျေးရွာ၏ ရွာသူကြီးဖြားခွန်လျောကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ရွာသူကြီး ဖြားခွန်လျောသည် ကားနှင့် ဆီဆိုင်သို့သွားရာမှ ဆီဆိုင်မရောက်မီ ပုံလောင်းကျေးရွာအနီးတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွာသူကြီးက ဆေးပညာလည်းတတ်တော့ ကျန်းမာရေးကိစ္စဆို သူပဲ အားကိုးနေရတာ။ ဒေသခံတွေက ဆရာဝန်လျောလို့လည်းခေါ်တယ်။ အခုက ဖမ်းသွားတာ ၁၀ ရက်ကျော်ပြီ။ အဆက်အသွယ်လည်းမရတော့ဘူး။ လူလည်းပြန်မရောက်လာဘူး။ နောင်ရင်း ရွာသူကြီး ညီအစ်ကိုလည်း PNO က သတ်သွားတယ်ဆိုတော့ နောင်ဗိုကန်တော်လေးရွာသူကြီးလည်း အဲဒီလို အသတ်ခံရမှာစိုးတယ်။ အသက်ရှင်နေသေးရင်လည်း ပြန်လွတ်ပေးစေချင်တယ်။ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ် လက်အောက်ခံ PNO က ရွာသူကြီး ဖြားခွန်လျောကို ဖမ်းဆီးထားသည်မှာ ၁၀ ရက်ကျော်ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ပြန်မလွတ်ပေးသေးဘဲ ကားကိုလည်း PNO ပြည်သူ့စစ်က သိမ်းဆည်းသွားခဲ့ကြောင်း သိရှိရသည်။

မေလ ၉ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲသည် နောင်ရင်းရွာသူကြီး ညီ အစ်ကို ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အပြင် ရွာသူကြီးပိုင်ဆိုင်သည့် ကုန်တင်ကား ၁ စီးကိုပါ သိမ်းဆည်းသွားခဲ့သည်။

ဓာတ်ပုံ- စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားသည့် PNO ပြည်သူ့စစ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article