25 C
Yangon

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ၊ လှိုင်မြို့နယ်နှင့် ဧရာဝတီတိုင်း၊လပွတ္တာတို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဗုံးများပေါက်ကွဲ

Must read

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ၊ လှိုင်မြို့နယ်နှင့် ဧရာဝတီတိုင်း၊လပွတ္တာတို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဗုံးများပေါက်ကွဲ

ရန်ကုန်၊ မေ ၁၆

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံနှင့် ဧရာဝတီတိုင်း၊လပွတ္တာတို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဗုံးများပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မေလ ၁၄ ရက်နေ့ ည ၉ နာရီ ၄၃ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ် ရွှေနံသာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို YGN UG မြို့ပြပြောက်ကျားအဖွဲ့က ဉယျာဉ်မှူးစစ်ဆင်ရေးအနေဖြင့် ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လုံခြုံရေးယူထားသော ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်ကြောင်း YGN UG အဖွဲ့က ပြောဆိုသည်။

” ဉယျာဉ်မှူးစစ်ဆင်ရေးအနေနဲ့ မြို့ပြမှာ ဆက်လက် တိုက်ခိုက်သွားမယ်” ဟု YGN UG အဖွဲ့က ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် မေလ ၁၅ ရက်နေ့ ည ၁၀ နာရီ ၃၃ မိနစ်အချိန်နှင့် ည ၁၀ နာရီ ၄၂ မိနစ် အချိန်တို့တွင် ဗုံးများ ပေါက်ကွဲခဲ့ကြောင်း၊ ညအချိန်ဖြစ်၍ မည်သည့်နေရာတွင် ပေါက်ကွဲခြင်းကို မသိရှိရဘဲ ပေါက်ကွဲသံ ကျယ်လောင်စွာကြားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ထို့ပြင် မေလ ၁၅ ရက်နေ့ ညပိုင်း၊ ဧရာဝတီတိုင်း၊ လပွတ္တာမြို့ နယ် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲခဲ့ပြီး ရပ်ကွက်ရုံးမှ စာရေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ လူငယ်တချို့ ဖမ်းဆီးခံရပြီး တချို့ကို ယနေ့ နံနက်ပိုင်း ပြန်လည် လွှတ်ပေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုကြသည်။

ဓာတ်ပုံ-စစ်တပ်လော်ဘီ တယ်လီဂရမ်စာမျက်နှာက ထုတ်ပြန်ထားသော လပွတ္တာ ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှုမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article