38 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၆ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo က ဆက်သွယ်ရေးလုပ်ငန်းတွေကို မြန်မာစီးပွားရေးသမား ဦးမျိုးမြင့်အုန်း ပိုင်ဆိုင်တဲ့ စင်ကာပူ The One Matrix Ventures (TOMV) ကုမ္ပဏီဆီကို ရောင်းချဖို့ စီစဉ်နေတယ်လို့ ရိုက်တာမှာ သတင်းဖော်ပြထားပါတယ်။ – ပဲခူးတိုင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်း၊ ပျဉ်ပုံကြီးတပ်နယ်မှူး ဗိုလ်မှူးကြီးမျိုးဆွေ၊ အမှတ် ၁ အင်အားဖြည့်တင်းရေး၊ ပြန်လည်နေရာချထားရေးတပ်က တပ်မှူး ဒုတိယဗိုလ်မှူးကြီး သန်းထွဋ် အောင်တို့ ပူးပေါင်းပြီး ခြေပြတ်လက်ပြတ် မသန်စွမ်း ဒုက္ခတိစစ်သည်တွေကို အဆမတန် မတရား အလုပ်ခိုင်း စေကာ ကိုယ်ကျိုးစီးပွားရှာ ချမ်းသာလာတယ်လို့ တပ်သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ – စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်သာရွာအနီး ရောက်ရှိလာတဲ့အကြမ်းဖက်စစ်တပ်ကို စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၅ နာရီလောက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် တပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ TTA-ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။ – မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံကားလမ်း၊ ကြာဘန်းကျေးရွာစစ်ဆေးရေးဂိတ်အနီး စစ်ကောင်စီ ကင်းတဲကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ ၅ ရက် ညနေ ၇ နာရီလောက်မှာ ၄၀ မမနဲ့ သွားရောက် ပစ်ခတ်ခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article