30 C
Yangon

KNU ကော်သူးလေနယ်မြေ တပ်မဟာ ၅ တွင် ဩဂုတ်လအတွင်း တိုက်ပွဲ ၁၁၀ ကျော် ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၈၀ ကျော်သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၆

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်တွင် အကြမ်းဖက်စစ်တပ်၊ BGF ပူးပေါင်းတပ်ဖွဲ့ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကြား ဩဂုတ်လတစ်လအတွင်း တိုက်ပွဲပေါင်း ၁၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၈၄ ဦးသေဆုံးကာ ၄၇ ဦး ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း သေဆုံးသူအများစုမှာ အကြမ်းဖက်စစ်ကောင်စီ၏ ခါးပိုက်ဆောင် BGF တပ်ဖွဲ့ဝင်များ ဖြစ်ပြီး KNLA ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်ဟု KNU တပ်မဟာ ၅ က ဆိုသည်။

ဩဂုတ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် အသုံးပြုနေသော ထောက်ပို့တံတားတစ်စင်းကို KNLA ဘက်မှ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အများပြည်သူပိုင် နေအိမ် ၂၄ လုံး ပျက်စီးခဲ့သလို လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

ဓါတ်ပုံ – KNLA တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article