33 C
Yangon

အရာတော်၊ ခင်ဦး၊ ရေးမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် စစ်ကြောင်း နှင့်စစ်တပ် လက်အောက်ခံ ဌာနများ တိုက်ခိုက်ခံရမှု စစ်သား ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်း၊ အရာတော်၊ ခင်ဦးမြို့နယ်၊ မွန်ပြည်နယ် ရေးမြို့နယ်နှင့် သထုံမြို့ နယ်တို့တွင် စစ်ကြောင်း နှင့်စစ်တပ် လက်အောက်ခံ ဌာနများ တိုက်ခိုက်ခံရမှု စစ်သား ၆ ဦးသေဆုံးကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံ မှ သိရှိရသည်။

အရာတော်တွင် မိုင်းဆွဲခံရပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊အရာတော်မြို့တွင် နောင်ကြီးအိုင်ဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်းကို ယနေ့ နံနက် ၆ နာရီအချိန် အရာတော် ပကဖ နှင့် NBARS -မြောက်ပိုင်းညီ‌နောင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြေပြတ်လက်ပြတ်များဖြင့် တစ်ဦးသေဆုံးပြီး သုံးဦးအပြင်းထန် ဒဏ်ရာရရှိကြောင်း၊ တောထဲတွင်းအရေးပေါ် ဆေးကုသမှု ပြုလုပ်နေစဉ် မုံရွာခရိုင်ရင်း ၆ နှင့်ပူးပေါင်းကာ အဝေးပစ်လက်နက်ကြီးများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ခင်ဦးတွင် ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းကို ယနေ့ စစ်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၆ ဦးသေ ဆုံးကြောင်း သိရှိရသည်။

ယနေ့ နံနက် ၇နာရီအချိန်ခန့် ခင်ဦးမြို့နယ် မူးတိမ်ချောင်းတံတားအနီးတွင် အခြေချထားသော အကြမ်းဖက်စကစစခန်း အား ဒရုန်းဖြင့် စီးဖြင့် တိုက်ခိုက်ခဲ့ရာ ဗုံးသီးများ ရန်သူစခန်းအနီးနှင့်ပစ်မှတ်များစွာ ကျရောက်ခဲ့ပြီး ၅ ဦးသေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရရှိခဲ့ကြောင်း၊ အဆိုပါDrone Missionတွင် နယ် မြေခံ LDF မဟာမိတ် ၇ ဖွဲ့ထက်မနည်း ပါရှိခဲ့ကြောင်း ၊သေဆုံးသွားသော စစ် တပ်မှ တပ်သား ၅ ဦးနှင့် ဒဏ်ရာရရှိသူများကို နေ့လယ်ပိုင်းတွင် ရေဦးမြို့မှ သံချပ် ကာ၁စီးဖြင့် ကောက်ယူသွားခဲ့ပြီး လမ်းတစ်လျှောက် လက်နက်ငယ်များ အချက်၅၀ကျော် ရေဦး-ခင်ဦး လမ်းဘေးပတ်ဝန်းကျင်ရွာများသို့ ရမ်းသမ်းပစ် ခတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ နေ့လယ်ပိုင်း ၁၂နာရီခန့်တွင် မြင်းဒေါင်းပေလမ်းမှ ပြန်လာသော ဆိုင်ကယ်စီးလာသည့် စစ်သား ၅ ဦး ပါ အဖွဲ့ကို ရွာသစ်ကုန်း အောင်မြေရတနာကျောင်းအနီး မိုင်းဆွဲခံတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်၁စီးထိမှပြီး စစ်သား ၁ ဦး သေဆုံးကြောင်း၊ အဆိုပါ သေဆုံးသူ ၁ ဦးကို မြင်းဒေါင်းပေလမ်းပေါ်တွင် ယခုညနေပိုင်းအထိ လာရောက်ကောက်ယူခြင်း မရှိသေးကြောင်း သိရသည်။

သထုံ EPC ရုံးကို ဗုံးဖြင့် ထု

စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန် မွန်ပြည်နယ်၊ သထုံမြို့နယ် EPC လျှပ်စစ်ရုံးကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က နန်းထိုက်အောင် စစ်ဆင်ရေးအနေဖြင့် လက်ပစ်ဗုံး ၂ လုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၁ ဦးနှင့် ဝန်ထမ်း ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

ရေးမြို့နယ်၊ မြို့လယ်ခေါင်ရှိ ခရိုင်ရုံးကို ၄၀ မမ ဖြင့် ပစ်ခတ်

မွန်ပြည်နယ်၊ ရေးမြို့နယ် ၊ မြို့လယ်ခေါင်ရှိ ခရိုင်ရုံးကို ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ရေးဘီလူးတပ်ဖွဲ့က ယနေ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- အရာတော်တွင် မိုင်းဆွဲခံရမှုကြောင့် ထိခိုက်သွားသော စစ်သားများ၏ အစိတ်အပိုင်းများနှင့် ကျန်ရစ်ခဲ့သော ကျည်၊ ကျည်ဘောက်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article